ဝတ္ထုတို - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [43]
ဝတ္ထုတို [2]
ဘာသာရေး [1]
ဝေမျှခြင်း [7]
ရေးမိရေးရာများ [2]
ဓါတ်ပုံမှတ်တမ်း [1]
Tag Post [1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » ၀တ္ထုတို
(၁)
အင်း...မိုးတောင်စင်စင်လင်းပေါ့...။ အိပ်စပ်ရာ မွေ့ရာလို့ကျွန်တော်သတ်မှတ်ထားတဲ့ကတ်ထူစက္ကူချပ်ပြားပေါ်က ကျွန်တော်...။ ကိုယ်ပိုင် စက္ခုနှစ်ခုကို ကျွန်တော့်မသိစိတ်က တွန်းလို့ဖွင့်တော့ ကျွန်တော်နိုးရလေပြီ။ ထုံးစံအတိုင်းပေါ့..။ စူးရှတဲ့နေရောင်က အကြင်နာတရား ကင်းမဲ့စွာနဲ့ပဲ ကျွန်တော်ရဲ့  စုတ်ပြဲနေတဲ့ တစ်စုံတည်းသော အင်္ကျီနဲ့ လုံချည်ရဲ့  လေ၀င်ပေါက်များအပေါ်ကို ရက်ရက်စက်စက်ထိုးနေပြီ။ မနက်ခင်းတိုင်းရဲ့  နေရောင်ဟာ ကျွန်တော့်အတွက်တော့ စာမဖွဲ့လောက်ပါဘူး။ နေရောင်က ကိုယ်စားပြုတဲ့ နေ့သစ်ဆိုတာဟာ ကျွန်တော့် အတွက်တော့ အစင်းကြောင်းများစွာနဲ့ ခွေးတံဆိပ်ဓါတ်ပြားဟောင်းကြီးလို "တကြီးကြီး" နဲ့  နေ့စဉ်နားထောင်နေရတဲ့သီချင်းတစ်ပုဒ်၊ အက်ကွဲနေတဲ့ စပီကာတစ်လုံးကထွက်လာတဲ့အသံလို ခံစားချက်သစ်တွေကိုမပေးစွမ်းနိုင်ပါဘူး။ စိတ်ကသိကအောက်ဖြစ်စေတဲ့ ဖြုတ်ဆိုတဲ့ သတ္ထ၀ါတွေက ခေါင်းပေါ်မှာလည်းဝဲပျံပျော်မြူးနေကြတယ်လေ။ သူတို့ရဲ့  အပေါင်းအဖော်ယင်ကောင်ဆိုတာတွေကလည်းတစ်ခါတလေ သူတို့နဲ့အတူရှိနေတတ်တယ်။ ခြင် ဆိုတာတွေကဘုံရန်သူ။ ကျွန်တော့်ရဲ့  ဆံပင်တွေဟာ အခုခေတ်လူငယ်တွေစွဲလမ်းကြတဲ့ Rocker ဆိုလား...ဘာလား (ဘာလဲတော့အတိအကျမသိပါ) သိပ်ရှည်လွန်းနေလို့စတိုင်(လ်) လိုလိုဖြစ်နေပြီးတော့ အညိုရောင်တွေ လည်း သန်း နေပြီ။ လက်သည်း၊ ခြေသည်းတွေလည်းရှည်လွန်းနေပြီ။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ကျွန်တော့်ဆံပင်၊ လက်သည်းနဲ့ ခြေသည်းတွေကို ညှပ်ပစ်ဖို့တစ်ခါတစ်လေသတိရရုံကလွဲပြီး တကယ်တမ်းကျတော့ မညှပ်ဖြစ်တာအတော်ကြာခဲ့ပြီ။ ဘာလို့လဲဆိုတော့ကျွန်တော့်မှာ အဲဒါတွေထက်အရေးကြီးတဲ့ကိစ္စတွေရှိသေးတယ်လေ..။ အဲဒါတွေက ဒီနေ့ဘယ်လမ်းတွေသွားရမလဲ..၊ ဘာသီချင်းတွေဆိုရမလဲ၊ ဘာ သီချင်းတွေအသစ်ထွက်လို့ ကျက်ဖို့ကျန်သေးလဲ...စသဖြင့်ပေါ့လေ။ အသစ်ထွက်တဲ့သီချင်းတွေဆိုရင်း တောင်းချင်စိတ်ပေါက်လာရင် သီချင်းအသစ်တွေဖွင့်တဲ့ လက်ဖက်ရည်ဆိုင်တွေနားမှာသွားနားထောင်ပြီး စိတ်နဲ့ပဲကျက်လေ့ရှိပါတယ်။ အခုလည်းကျွန်တော့်ဘေးမှာ အခင် ဆုံးဘော်ဒါကြီး မနိုးသေးဘူး..။ အိပ်နေတုန်းဘဲ။ သူကပတ်ဝန်းကျင်လောကကြီးကို ဂရုမပြုဘဲ စိတ်ချမ်းမြေ့ စွာနဲ့အိပ်နေတုန်း။ တစ်ည လုံးကင်းလှည့်နေရလို့ကောင်းကောင်းမအိပ်ရသေးဘူးထင်ပါတယ်..။ သူ့နာမည်က မိုက်ကယ်...။ ကျွန်တော်မှည့်ပေးထားတာ။ ဈေးနားမှာ ရေခဲချောင်းလာရောင်းတဲ့ကားက မိုက်ကယ် ရေခဲချောင်းဆိုပြီးကြော်ငြာနေသံကြားလို့ နာမည်ကြိုက်တာနဲ့ သူ့ကိုခေတ် ဆန်ဆန် ပေးထား တာ။ ယောက်ျားနာမည်လား၊ မိန်းမနာမည်လားမသိပေမယ့်ခေါ်လို့ကောင်းလို့ပေးထားတာပါ..။ မိုက်ကယ်က တကယ်ချစ်စရာကောင်းပြီး လိမ္မာတဲ့ ခွေးမလေးတစ်ကောင်ပေါ့..။ သူကလည်း ဒီနာမည်ကိုကြိုက်ပုံရတယ်။ မိုက်ကယ်ရေ.. လို့ခေါ်လိုက်တာနဲ့ သူ့အမြီးလေး လှုပ်ပြ တတ်တယ်။ ကျွန်တော်အိပ်တဲ့နေရာနဲ့ အလှမ်းမကမ်းလောက်က အမှိုက်ပုံဆိုရင် သူဆော့နေကျ ကစားကွင်းလေးတစ်ခုပါ။ ပြီးတော့သူက ရက်ကွက်ရဲ့   လုံခြုံရေးတာဝန်ကိုအလိုက်သိစွာယူထားတဲ့ခွေးလေးတစ်ကောင်ပါ။ မိုက်ကယ်က ကျွန်တော့်ကိုသိပ်ခင်တာ။ ကျွန်တော့် မုန့် တစ်ခုခုရလာပြီဆိုရင် သူ့အတွက်အမြဲချန်ထားပြီးညမိုးချုပ်လို့ ကျွန်တော့်နေရာဟောင်းလေးကို ပြန်ရောက်လာရင် သူ့ကိုကျွေးတယ်။ ... ဆက်ဖတ်ရန် »
Category: ၀တ္ထုတို | Views: 134 | Added by: NAYMYOHTET | Date: 2009-09-06 | Comments (0)

သန်းခေါင်ကျော်သွားပြီဖြစ်သဖြင့် ညဥ့်ကားမနက်တော့ပြီ။ လမင်းသည်ကျယ်ပြောလှသော ကောင်းကင်အတွင်းအခြွေအရံကြယ်များနှင့် သာချင်တိုင်းသာပြီး ညအလှကိုဖော်ဆောင်နေလေသည်။ လေညင်းသည် ပင်လယ်ပြင်မှ ရန်ကုန်မြစ်ရေပြင်ပေါ်သို့ အေးဆေးညင်သာစွာဖြတ်သန်းလာရာလမ်းကြောင်းတစ်လျှောက် အေးမြခြင်းကိုသယ်ဆောင်လာကာ ကုန်းတွင်းပိုင်းသို့ တိတ်တဆိတ်ဝင်ရောက်လျက်ရှိသည်။ ကမ်းနားလမ်းတစ်လျှောက် မာကျူရီမီးလုံးများ လင်းထိန်လျက်ရှိလေသည်။ သို့သော်အုပ်စုဖွဲ့နေတတ်သော ခွေးလေခွေးလွင့်များမှတပါး အခြားသက်မဲ့အရာဝတ္ထုများ ငြိမ်သက်လျက်ရှိသည်။ ညငှက်များ၏ အတောင်ပံခတ်သံကိုပင်ကြားရလေသည်။ မီးအလင်းရောင်ကင်းမဲ့နေချိန်ဖြစ်သော မြို့  ပြညများ၏ တိုက်ခန်းများအနက် မီးအလင်းရောင်ပြပြလင်းနေသော တိုက်ခန်းတစ်ခု၌ ဘီသိုဗန်၏ (မွန်းလိုက် စိုနာတာ) ဟုခေါ်သော ဂန္တ၀င်စန္ဒယားဂီတကို တိုးညှင်းစွာထပ်ဖန်ရိုက်၍ ဖွင့်ထားသဖြင့်ထိုအခန်းငယ်အတွင်းသံစဉ်များဖုံးလွှမ်းနေလေသည်။ ထိုည၏ တိတ်ဆိတ်မှု ကိုချိုးဖောက်၍ထွက်လာသောထိုသံစဉ်များနှင့်လမင်း၏ကမ္ဘာလောကတစ်ခုလုံးပေါ်သို့ပတ်လောင်းထားသောအလင်းရောင်ကို အပြည့်အ၀ခံစားရင်း မနက်ဖြန်နေရောင်ခြည် ကိုစောင့်မျှော်နေသော သူတစ်ယောက်တော့ လေသာဆောင်၌ထိုင်နေရင်းအိပ်မပျော်နိုင်ဖြစ်နေလေသည်။ သို့သော်ထိုသူ၏မျက်နှာတွင် အပြုံးရိပ်တစ်ချို့  မကြာခဏ ဖြတ်သန်းလျက်ရှိနေသည်။လရောင်၏ရောင်ပြန်ဟတ်မှုကြောင့်လား၊ မျက်ရည်စများကြောင့်လားတော့ မသိနိုင်သော်လည်း မျက်လုံးများအတွင်း၌ မှန်ကွဲစများကို မီးရောင် ထိုးထားသလိုရှိနေလေသည်။ ထိုမျက်လုံးအစုံမှာ လှုပ်ရှားမှုမရှိသော မျက်နှာချင်းဆိုင်တိုက်ခန်းများ၏အပေါ်သို့ကျော်ကာ ကျယ်ပြောလှသော ကောင်းကင်ပေါ်သို့ လှုပ်ရှားမှုကင်းမဲ့စွာ အချိန်အတော်ကြာမြင့်သည့်တိုင်အောင် စူးစိုက်ကြည့်နေလေသည်။ ထိုသူ၏ရင်မှ ဖြစ်ပေါ်နေသော ခံစားချက်တချို့  ကို ကျယ်ပြောလှသော ကောင်းကင်မျက်နှာစာတွင်အစီအစဉ်တကျဖြန့်ကြဲထားပုံရသည်။ တစ်နည်းအားဖြင့် သူ၏စိတ်တံခါးမျက်လုံးအစုံမှာ လွန်ခဲ့သောနှစ်အနည်းငယ်မှ အမှတ်တရပုံရိပ် များကို ငြိမ်သက်စွာပုံဖော်နေခြင်းဖြစ်သည်။ လက်ညိုးနှင့် လက်ခလယ်ကြားမှ တစ်ဝက်မျှကျန်သောဆေးလိပ်တိုမှာ မီးစွဲလျက်ရှိနေပြီး သူ့အနီးတွင် ငွေမှင်ရောင်သန်းနေသော ပြာစများအတွင်း၌ သက်တမ်းကုန်ဆုံးသွားသော ဆေးလိပ်တိုများအစီအစဉ်မဲ့လဲလျောင်းလျက်ရှိနေသည်။ ထိုသူ၏ ခန္ဓာမှာ လေသာဆောင်အတွင်း၌ ရှိနေသော်လည်း၊ သူ၏စိတ်တို့သည် ကန္တာရအတွင်းတွင် ခရီးသွားနေသည့်ပမာ မနက်နေရောင်ခြည်ကို အိုအေစစ်အလားတောင်းတနေလေသည်။ အေးမြသောလေညင်း၊ စောင်းဘောက်စ် မှတိုးညှင်းစွာထွက်ပေါ်နေသာဂန္တ၀င်ဂီတသံနှင့် အတွေးစိတ်ကူးများအတွင်းမျောလွင့်သွားသော ထိုသူသည်လေသာဆောင်ပြတင်းတံခါးနံရံကိုမှီလျက် ထိုင်ရင်းအိပ်ပျော် သွားချိန်ကိုပင်မသိရှိလိုက်ပေ။

*****************

နားအတွင်းသို့ ဆူညံစွာဝင်ရောက်လာသော ကားသံများ၊ ဈေးသည်တို့၏အသံများ၊ လမ်းသွားလမ်းလာများ၏အသံတို့ကြောင့် ထိုသူ၏မျက်လုံးအစုံသည် ဖြေးညှင်းစွာပွင့်ဟ လာလေသည်။ စူးရှသော နေရောင်ခြည်ကြောင့် မျက်လုံးအစုံသည်... ဆက်ဖတ်ရန် »
Category: ၀တ္ထုတို | Views: 119 | Added by: NAYMYOHTET | Date: 2009-07-25 | Comments (0)

ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ

ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)





ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com




အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ




လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။