ဝေမျှခြင်း - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [43]
ဝတ္ထုတို [2]
ဘာသာရေး [1]
ဝေမျှခြင်း [7]
ရေးမိရေးရာများ [2]
ဓါတ်ပုံမှတ်တမ်း [1]
Tag Post [1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » ဝေမျှခြင်း
ကျွန်တော်တို့စာရေးတဲ့ အခါ စကားပြောဟန်နဲ့ရေးမလား၊ စာဟန်နဲ့ရေးမလားရယ်လို့ တွေးတောမိကြပါတယ်။ စကားပြောဟန်၊ ရင်းနှီးဟန်၊ အရပ်ဟန်တို့နဲ့ စာကိုရေးတာကတော့ "ကိုလိုကွီးယယ်" (Colloquial) ဟန်ဖြစ်ပါတယ်။ စာဟန်နဲ့ရေးတာကတော့ ရေးရိုးရေးစဉ် ၍၊ သည်၊ ၏ တို့နဲ့ အတည်အခန့်ရေးတဲ့နည်းလို့ ဆိုရပါမယ်။ အဲဒီနည်းကို ဖော်မယ် စတန်းဒတ် (Formal Standard) ဟန်နဲ့ ရေးတယ်လို့ အဘိဓာန်မှာဆိုပါတယ်။ အခုဆောင်းပါးကိုရေးနေတဲ့ ဟန်ကတော့ ကိုလိုကွီးယယ် ဟန်ဖြစ်ပါတယ်။ အသံထွက်ကတော့ ခက်သလိုလို၊ ဆိုလို့ ကောင်းသလိုလိုပါပဲ။ ဒါပေမယ့် လုပ်ငန်းသုံးဝေါဟာရ အဖြစ်နဲ့ သုံးစွဲပြောဆိုနေကြပါတယ်။ တစ်နည်းအားဖြင့်တော့ ရင်းနှီးတဲ့ဟန် (Intimate Style) လို့ပြောလို့ရပါတယ်။ စာဟန်ထက်စာရင် ပိုပြီးနားဝင်တယ်ပေါ့။ မျက်နှာချင်းဆိုင်ပြောနေသလိုပေါ့။ စကားလုံး အသုံးအနှုန်းကလည်း အခံ့အညား သိပ်မပါနိုင်ပါဘူး လို့ပြောရပါမယ်။ ၀တ္တုစာအုပ်တွေ၊ ကျမ်းစာအုပ်တွေထဲမှာဆိုရင် အဖြစ်အပျက်နဲ့ အကြောင်းအရာ ရှင်းလင်းချက်ကို စာသားနဲ့ရေးပြီး စကားပြောတာတွေကို ပြောဟန်နဲ့သီးခြားရေးကြတာတွေ့ရပါတယ်။ အင်္ဂလိပ်အဘိဓာန် တစ်ခုမှာတော့ စကားပြောဟန်ဟာ မင်းပါးစိုးခွင် မ၀င်ဘူး၊ အရပ်ဓလေ့ ရွာဓလေ့နဲ့နီးတယ်၊ ထုံးမီစံမျှ မဖြစ်ဘူးလို့လည်းယူဆတာမျိုး ရှိတဲ့ အကြောင်းကိုဖော်ပြထားပါတယ်။ စာဟန်ကတော့ရှင်းပါတယ်။ "ဘဦး ရေကူးနေသည်" ၊ "ငါ၏ဒူးနာ၏" ဆိုတဲ့ဟန်မျိုးနဲ့ရေးတာပါ။ ကျွန်တော်တို့ဆီမှာစကားပြောဟန်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ အရေးများလာတာကို တွေ့ရပါတယ်။ ဟိုးတုန်းက ဆရာဇ၀နရဲ့  "ဦးလေးပြောမယ်" ဆိုတဲ့အခန်းတို့၊ ရန်ကုန်သတင်းစာက မြို့  မမောင်၊ စပ်ဖြဲမောင်တို့ရဲ့ အခန်းမှာ စကားပြောနဲ့ပဲရေးကြရပါတယ်။ သဘာဝကိုက ဒီလိုဟန်နဲ့ရေးရမှာဖြစ်လို့ပါပဲ။ ပေးစာအဖြစ်ပေးတဲ့စာတွေမှာ ဒီလိုဘဲဖြစ်ပါတယ်။ ဒါတောင် "စာရေးလိုက်ပါသည်ခင်ဗျား" ဆိုပြီး အာလုတ်ပြုတတ်ကြပါသေးတယ်။ ကျွန်တော်တို့ဆီမှာ စကားပြောဟန်နဲ့ စာရေးကြတာရဲ့  အစဟာ စစ်ပြီးခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်လူထုတရားပွဲနဲ့ ရှင်းလင်းတင်ပြပွဲတွေမှာပြောတဲ့စကားတွေကို သတင်းစာ၊ ဂျာနယ်တွေမှာ မူရင်းအတိုင်း (Verbatin) ဖော်ပြတဲ့အခါစကားပြောအတိုင်းဖြစ်ခဲ့ပါတယ်။ စစ်ကြိုခေတ်ကဆိုရင် တစ်ဆင့်ခံပြောစကား (Reported Speech) နဲ့ဖော်ပြလေ့ရှိကြပါတယ်။ စစ်ပြီးခေတ်မှာတောင် စကားပြော ".....ပါတယ်" ၊ ".....ဆောင်ရွက်ပါ" လို့တိုက်ရိုက်မရေးဘဲ "ကြောင်း" နဲ့အဆုံးသတ်ကြပါတယ်။ စကားပြောရေးဟန်နဲ့ ရေးသားမှု တွင်ကျယ်ခြင်းနဲ့ ပတ်သက်တဲ့ အထောက်အထားတစ်ခုကတော့ ၂၀၀၀ပြည့်နှစ်မှာ စာမူခွင့်ပြုချက်အမှတ် ၆၄၉/ ၉၉ (၈)နဲ့ထုတ်တဲ့ ဆရာနေထွတ် ရဲ့  "မန္တလေးအဘိဓာန်" စာအုပ်မှာတော့ ၁၉၆၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မြန်မာစာဆရာ "ဦးကျော်ရင် လေထီး" အကြောင်းထဲမှာ "၁၉၆၅(၁၃၂၇)"ခု ဓမ္မဗိမာန်စာဆိုတော်နေ့အခမ်းအနားတွင် "ဆင်သွားရင် လမ်းဖြစ်တယ်" ဟုဆိုကာ စကားပြောဟန်ဖြင့် စာရေးနည်းသစ်ကိုထောက်ခံခဲ့" လို့ရေးသားထားပြီး ဒီရေးနည်းကို "ဆင်သွားမူ" ရယ်လို့အမည်တွင်ကြောင်းရေးသားထားတာကို တွေ့ရပါတယ်။ အဲဒီအချိန်တစ်ဝိုက်လောက်တုန်းက "Colloquialization of Burmese" ဆိုတဲ့အမည်နဲ့ ပြည်ပရောက် မြန်မာပညာရှင်တစ်ဦးရေးတဲ့စာအုပ်ကိုလည်း တွေ့ခဲ့ရဖူးပါတယ်။ စကားပြောတာ၊ စာရေးတာကို စူးလို၊ ဆောက်လိုလွယ်လွယ်ကူကူ ဒိုးဒိုးဒေါက်ဒေါက် ရေးဖို့တိုက်တွန်းထားတယ်လို့မှတ်မိပါတယ်။ ဒါကြောင့် "ကိုလိုကွီးယယ်" ကရင်းနှီးဟန် လွယ်ကူပြီး "ဖော်မယ်" စာရေးဟန်ကတော့ အခန့်အသန့် တည်ငြိမ်တယ်ဆိုပြီး အကြောင်းကိစ္စကို လိုက်လို့ရေးသားနေကြ တာ ရောက်ဆဲအလေ့အထတစ်ခုဖြစ်တာကို သုံးသပ်မိပါတယ်။
မောင်ဆုရှင် (၂၁ရာစု လူမှုဝေါဟာရမျ... ဆက်ဖတ်ရန် »
Category: ဝေမျှခြင်း | Views: 112 | Added by: NAYMYOHTET | Date: 2009-08-17 | Comments (0)

ကျွန်တော်က မျိုးကြီး ဆိုလို့ကတော့ကြိုက်ပြီးသားဘဲ...း) ။ ရန်ကုန်ယူနိုက်တက်သီချင်းအသစ်ထွက်နေတယ်ခင်ဗျ။
IC နဲ့ တီးထားတာပါ။ အောက်မှာ Download လုပ်လို့ရပါတယ်





Category: ဝေမျှခြင်း | Views: 135 | Added by: NAYMYOHTET | Date: 2009-08-08 | Comments (0)

Mamma Mia ဇာတ်ကားထဲက ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးပါ။
Our Last Summer သီချင်းလေးကိုလည်းကြိုက်လို့...။



Category: ဝေမျှခြင်း | Views: 94 | Added by: NAYMYOHTET | Date: 2009-07-31 | Comments (0)

ကျွန်တော်နားထောင်တိုင်းကြက်သီးတွေထတဲ့ ဇော်ဝင်းထွဋ် ရဲ့  မဟာသီချင်းလေးတွေကို ဝေမျှလိုက်ပါတယ်။


မဟာ ၁ ကိုဒီမှာယူပါ။


မဟာ ၂ ကိုဒီမှာယူပါ။


မဟာ ၃ ကိုဒီမှာယူပါ။


မဟာ ၄ ကိုဒီမှာယူပါ။


မဟာ ၅ ကိုဒီမှာယူပါ။
Category: ဝေမျှခြင်း | Views: 168 | Added by: NAYMYOHTET | Date: 2009-06-27 | Comments (0)

စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့ စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀၀ ဂရမ်) ထည့်တယ်လို့ ကြားရပါတယ်။

“ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြတာ ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။

မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ (၄၉) ကျပ်သား စားသုံးပါတယ်။ လူဦးရေ (၅၂) သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိဿာပေါင်း (၂၈၅) သန်း၊ တန်အားဖြင့် (၄) သိန်း စားသုံးပါတယ်။

ဆီအဖြစ် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီတို့ကို အဓိက အသုံးပြုရာမှာ ပြည်တွင်းမှာ စားဆီ ၅၀%လောက်ပဲ ထွက်ပြီး ကျန်တဲ့တ၀က်ကို ပြည်ပက တင်သွင်းရပါတယ်။

အဓိက တင်သွင်းတဲ့ နိုင်ငံက မလေးရှားဖြစ်ပြီး သွင်းတဲ့ဆီအမျိုးအစားက စားအုန်းဆီ ဖြစ်ပါတယ်။ တနှစ်ကို တန်ချိန် (၂) သိန်း တင်သွင်းပါတယ်။ ပြည်တွင်းမှာ တနင်္သာရီတိုင်းမှာ ဧက (၂) သိန်းလောက် စိုက်ဖို့ လျာထားတာ (၁) သိန်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆင်ဟွာသတင်းဌာနက ပြီးခဲ့တဲ့လက ရေးပါတယ်။

ဒါပေမယ့် မြန်မာတိုင်းမ်က ၂၀၀၅ ခုနှစ်မှာ ဧက (၇) သောင်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။ မြန်မာတိုင်းမ်အဆိုက အမှန်နဲ့ ပိုနီးစပ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ (၁) ဧကကို (၂.၅) တန်ထွက်ရင် ဧက (၇) သောင်းကို တန်ချိန် (၁) သိန်း (၇) သောင်းခွဲ ထွက်ပါတယ်။ မလေးရှားက တနှစ်ကို စားအုန်းဆီ တန် (၂) သိန်း တင်သွင်းတယ်ဆိုတော့ ပြည်တွင်းမှာ စားအုန်းဆီ နှစ်စဉ် တန်ပေါင်း (၃) သိန်း (၇) သောင်းခွဲ စားနေပါတယ်။ ဆင်ဟွာက ပြောတာယူရင် နှစ်စဉ်စားတဲ့ဆီက စားအုန်းဆီချည်းပဲ တန် (၄) သိန်းခွဲ ဖြစ်သွားပါလိမ့်မယ်။

တနှစ်ကို စားအုန်းဆီ တန် (၃) သိန်း (၇) သောင်းခွဲ စားတယ်ဆိုတော့ လိုတဲ့ တန် (၂) သောင်းခွဲက ပဲဆီနဲ့ နှမ်းဆီဖြစ်ဖို့များပါတယ်။ နေကြာဆီ နည်းနည်းပါနိုင်ပါတယ်။

ချုပ်လိုက်ရင် စားအုန်းဆီတွေ ပြည်တွင်းမှာ လှိုင်ဘောလယ်နေပါတယ်။ တန် (၃) သိန်း (၇) သောင်းခွဲကို လူဦးရေ (၅၂) သန်းနဲ့စားရင် လူတယောက်ဟာ တနှစ်ကို စားအုန်းဆီ (၅) ပိဿာနဲ့ (၁၅) ကျပ်သား စားသုံးပါတယ်။

စားအုန်းဆီက ဒီတိုင်းထားရင်း ခဲတယ် ဆိုတာ လူတော်တော်များများ သိပါတယ်။ သူ့ရဲ့ အခဲဖြစ်တဲ့ အပူချိန်က မြင့်ပါတယ်။ (၃၁) နဲ့ (၄၁) ဒီဂရီ စင်တီဂရိတ်ကြားမှာ အခဲဖြစ်ပါတယ်။ ဗမာပြည်မှာ အောက်ပြည်အောက်ရွာနဲ့ အညာမှာ တနှစ်လုံး ပျမ်းမျှအပူချိန်က (၃၀) ဒီဂရီနဲ့ အထက်မှာ ရှိတာဆိုတော့ စားအုန်းဆီခဲဖို့ လွယ်တဲ့နေရာပါ။

စားအုန်းဆီခဲရင် ပျော်သွားအောင် တနေ့ကို နည်းနည်းချင်းစီ အပူပေးရပါတယ်။ အပူသိပ်ပြင်းရင် ဆီထဲက အဆီတွေပျက်သွားလို့ အနံ့ဆိုးသွားပါတယ်။ ဒီတော့ စားအုန်းဆီကို ထိန်းသိမ်းရတာ ခက်ပါတယ်။

အဲဒီတော့ ရောင်းတဲ့လူတွေက အလွယ်လိုက်ပြီး အဆီတွေပျော်အောင် ဆပ်ပြာမှုန့်ရောလိုက်ပုံ ရပါတယ်။

ဆပ်ပြာမှုန့်သွေးလမ်းကြောင်းထဲေ
ရာက်သွားရင် သွေးထဲမှာ အက်ဆစ်ပမာဏများလာတာ၊ အစာလမ်းကြောင်းပေါက်ကုန်တာ၊ အသက်ရှုကျပ်တာ၊ သွေးဖိအားကျတာ၊ လည်ချောင်းယောင်လာတာ၊ ခန္ဓာကိုယ်တွင်းက အင်္ဂါတွေပျက်စီးတာ ဖြစ်တတ်ပါတယ်။

(၂၀၀၉) ခုနှစ် ဇွန်လ ကမ္ဘာ့စားအုန်းဆီပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် စားအုန်းဆီ တစ်တန်ကို အမေရိကန်ဒေါ်လာ (၇၁၄) ဒေါ်လာ ပေါက်ပါတယ်။ ပိဿာနဲ့ပြန်တွက်မယ်ဆို တစ်ပိဿာကို (၉၉) ဆင့်ပဲ ကျပါတယ်။ တစ်ဒေါ်လာပဲ ... ဆက်ဖတ်ရန် »
Category: ဝေမျှခြင်း | Views: 160 | Added by: NAYMYOHTET | Date: 2009-06-27 | Comments (0)

ကျွန်တော်ဒီသီချင်းကို ခရစ်ယာန်ဘာသာဝင် ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆီကရခဲ့ပါတယ်။ သူက ဘုရားကျောင်းအသိုင်းအ၀ိုင်းကရခဲ့တာဖြစ်ပါတယ်။
အောက်မှာ ဒေါင်းလို့ရပါတယ်။ မျိုးကြီးရဲ့ sample သီချင်းလေးဖြစ်ပါတယ်။


အမေ- မျိုးကြီး


Category: ဝေမျှခြင်း | Views: 287 | Added by: NAYMYOHTET | Date: 2009-06-01 | Comments (2)

တစ်ခါတလေဆိုရင် ကျွန်တော်လည်းအိမ်မှာရောလို့မွှေဖြစ်တယ်...
အပျော်တမ်းမွှေထားတာလေးတွေနားထောင်ကြည့်စေချင်ပါတယ်။


မယ်သီတာခိုးတာဘယ်သူလဲ

ရုက္ခစိုး ဆိုတာခင်များလား? 
Category: ဝေမျှခြင်း | Views: 132 | Added by: NAYMYOHTET | Date: 2009-05-26 | Comments (0)

ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ

ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)





ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com




အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ




လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။