Create a Website
Fight evil creatures online
[
Wizard City and the Spiral Worlds are infested with evil creatures.Become a brave wizard student and take on exciting adventures
]
Tag Post - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
အကြောင်းအရာ
ဘလော့ဂ်စာမျက်နှာ
ပန်ကြားချက်
တစ်ခုခုရေးခဲ့ပါ
တူရာတူရာအစုများ
ကဗျာ
[43]
ဝတ္ထုတို
[2]
ဘာသာရေး
[1]
ဝေမျှခြင်း
[7]
ရေးမိရေးရာများ
[2]
ဓါတ်ပုံမှတ်တမ်း
[1]
Tag Post
[1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
ဧည့်သည်တော် စုစုပေါင်း
Share
Main
» Tag Post
ဝါသနာ (တက်ဂ်ပို့စ်)
ဒီပို့စ်လေးဟာ ကျွန်တော့်ရဲ့ ပထမဦးဆုံးတက်(ဂ်)ပို့စ်လေးဖြစ်ပါတယ်။ ကျွန်တော့် ရဲ့ ၀ါသနာကတစ်ခု တည်းတော့မဟုတ်ပါဘူး။ ပထမ၀ါသနာက အားနေတဲ့အချိန်ဆိုရင် ကျွန်တော့်အဖေ ရဲ့ စာအုပ်တွေကို ယူဖတ်ပါတယ်။ အဖေဟာ ကျွန်တော်တို့မောင်နှမ တွေအားလုံးကိုစာဖတ်တဲ့အလေ့အကျင့်ရှိ အောင်လို့ ငယ်ငယ်ကတည်းကတိုက်တွန်းလေ့ရှိပါတယ်။ အိမ်သာခန်းထဲမှာတောင် အဖေက စာအုပ်စင်သေးသေးလေး လုပ်ထားပေးပါတယ်။ စာအုပ်ကို ရိုရိုသေသေကိုင်တတ်အောင် လည်းသင်ပေးခဲ့ ပါ တယ်။ ကျွန်တော်က စာအုပ်တစ်အုပ် ဖတ်နေတုန်း ကိစ္စရှိလို့ ဖတ်နေတဲ့ စာမျက်နှာကို ခေါက်ထားမိခဲ့တာတို့ ၊ စာအုပ်ကို မှောက်ထားခဲ့တာတို့လုပ်ရင် အမြဲတမ်းဆူခံထိပါသေးတယ်။ အဲဒါတွေကြောင့်ငယ်ငယ်တုန်းကဆို စာဖတ်ဖို့ သိပ်စိတ်မပါခဲ့ပါဘူး။ သိတတ်တဲ့အရွယ်ရောက်လာတော့မှ စာအုပ်ဖတ်တတ်တဲ့အလေ့ အကျင့်လေး ရခဲ့ပါတယ်။ ကျွန်တော် ၁၂ နှစ်သားလောက်က စာအုပ်တစ်အုပ်ဖတ်နေတုန်း အဖေတွေ့သွားခဲ့ပါတယ်။ ကျွန်တော်ဖတ်နေတဲ့စာအုပ်က ရွှေဥဒေါင်း ရဲ့ ဘာသာပြန်ဝတ္ထုရှည်စာအုပ်တစ်အုပ်ပါ။ စာအုပ်က နည်းနည်း လေးတော့ ထူပါတယ်။ တကယ်တော့ ကျွန်တော်လည်း ဖတ်သာဖတ်ပါတယ်၊ ဒီလောက်ထူတဲ့ စာအုပ် ကိုပြီးအောင်ဖတ်ကြည့်မယ် ဆိုတဲ့စိတ်နဲ့သာ ဖတ်နေခဲ့တာပါ။ အဲဒါကို ကြည့်ပြီး အဖေက ကျွန်တော့် အရွယ်နဲ့ဒီစာအုပ်မျိုးတွေမဖတ်နဲ့ဦး လို့ပြောပြီး ကျွန်တော်ဖတ်ရမယ့်စာအုပ်လေးတွေစာအုပ်စင်ကနေပြီး ရွေး ပေးခဲ့ပါတယ်။ ပေါ့ပေါ့ပါးပါးစာအုပ်လေးတွေကို စပြီးဖတ်သင့်တယ်လို့ပြောပါတယ်။ အဲဒါနဲ့ စာအုပ်စင်က ကာတွန်းစာအုပ်တွေ ယူဖတ်တော့လည်း ကျွန်တော် သဘောမတွေ့ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကာတွန်းတွေကသိပ်မရယ်ရလို့ပါ။ တချို့ ကာတွန်းတွေဆို ဖတ်စရာစာတောင်မပါ ပါဘူး။ ရုပ်ပုံတွေပဲ ကြည့်စရာရှိလို့ပါ။ အမှန်က ခေတ်ခြေအနေကို သရော်ထားတဲ့ကာတွန်း အမျိုးအစားတွေကို ကျွန်တော်နားမ လည်ခဲ့သေးတာပါ။ ကာတွန်းမြေဇာ၊ ကာတွန်းမောင်ဝဏ္ဏ၊ ကာတွန်း ငွေကြည် နဲ့ ကာတွန်း ဖေသိန်းတို့ရဲ့ ကာတွန်းတွေကို အစကနားမလည်ခဲ့ပါဘူး။ နောက်တော့မှ ကျွန်တော်လည်း တဖြည်းဖြည်းနားလည် လာရပါတယ်။
ကျွန်တော်က အစက စာဖတ်ရင်သုတစာပေအမျိုးအစားတွေဘဲ စဖတ်ခဲ့ပါတယ်။ ၀တ္ထုတို့ ၊ ကဗျာတို့ တွေမဖတ်ဖြစ်ခဲ့ပါဘူး။ ကျွန်တော်အတွေးမှားခဲ့လို့ပါ။ တည့်ဘာသာပြန်ထားတဲ့ ဘာသာပြန် ၀တ္ထုတွေ၊ ရိုးရာဓလေ့ကို ထင်ရှားအောင်ရေးထားတဲ့ အကျိုးရှိတဲ့ဝတ္ထုတိုတွေ ၊ ကဗျာတွေကလည်း လက်တွေ့ဘ၀ကို ပေါ်လွင်အောင်ရေးထားတဲ့ကဗျာကောင်းတွေ ကိုတွေ့မှ ဖတ်ဖြစ်ခဲ့ရပါတယ်။ ရွှေဥဒေါင်း၊ လင်းယုန်မောင်မောင်၊ သော်တာဆွေ၊ မြသန်းတင့် တို့ရဲ့ ၀တ္ထုတွေကို စဖတ်ရာကနေ ၀တ္ထုဖတ်တဲ့အကျင့်လေးရခဲ့ပါတယ်။ အခုတော့ စာကိုအမျိုးအစားမခွဲဘဲ အကုန်ဖတ်ပါတယ်။ အများဆုံးဖတ်ဖြစ်တဲ့ စာရေးဆရာတွေကတော့ အတ္တကျော်၊ မောင်ဆုရှင်၊ မြတ်သင်း၊ ခင်ခင်ထူး၊ ရွှေဥဒေါင်း၊ သော်တာဆွေ တို့ဖြစ်ပါတယ်။ အခြားစာရေးဆရာတွေရဲ့ စာအုပ်တွေကိုလည်း ကြုံရင်ကြုံသလို ဖတ်ဖြစ်ပါတယ်။ ခံစားချက်ရှိရင် ရှိသလိုကျွန်တော် ကဗျာတွေ ရေးဖြစ်ခဲ့ပါတယ်။ အရင်တုန်းကဆို ကျွန်တော် အင်တာနက် မှာဘလော့(ဂ်)တွေ လိုက်ဖတ်ဖြစ်ခဲ့ပါတယ်။ ဘလော့(ဂ်)တွေမှာ လွတ်လွတ်လပ်လပ်ရေးထားတဲ့ အမြင်လေးတွေ၊ သုတ၊ ရသ အစုံ၊ ဘာသာရေး၊ နိုင်ငံရေး နဲ့ အချင်းချင်းရင်းရင်းနှီးနှီးဆက်ဆံကြတဲ့ ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေကိုသိပ်နှစ်သက်မိလို့ ၀ါသနာ အရင်းခံပြီး မရေးတတ်ရေးတတ်နဲ့ ကျွန်တော် စရေးဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့်ကျွန်တော့်ရဲ့ ၀ါသနာထဲမှာ ဘလော့(ဂ်)ရေးတာပါ ပါလာခဲ့ပါတယ်။
ကျွန်တော်ရဲ့ နောက်ထပ်ဝါသနာတစ်ခုကတော့ music ပိုင်းပါ။ ကျွန်တော် ၆ တန်းလောက်ကစပြီး ဂစ်တာတီးတာ ၀ါသနာပါခဲ့ပါတယ်။ ၈တန်းလောက်မှ
...
ဆက်ဖတ်ရန် »
Category:
Tag Post
| Views: 136 | Added by:
NAYMYOHTET
| Date:
2009-06-11
|
Comments (2)
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ
2009 May
2009 June
2009 July
2009 August
2009 September
2009 October
2009 November
2010 October
2010 November
2011 January
2011 March
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)
ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
အစ်မကံကောင်းသူ
အဖြူရောင်မေတ္တာ
ညခင်းရဲ့လမင်း
ကိုရဲဝင့်သူ
ကိုဂျေဂျူဝိုင်
ကိုပန်မြတ်သွင်
ကိုနွယ်ရိုး
အစ်မရွှေပြည်သူ
အစ်မနှင်းဆီနက်
ကိုတေလေ
ကိုခွန်ပအိုဝ်း
ကိုတောင်ပေါ်သား
ကိုမနောသား
Dream
ရွှေမြန်မာ
ကိုလေတံခွန်
ကိုဗညားရှိန်
ကိုအေးချမ်းလေး
ငွန်ငယ်မိုး(ကိုမိုးသွေးငယ်)
ကိုနွေဆူးလင်္ကာ
ကိုချစ်တီး
ကိုမင်းသန့်
မချစ်ကြည်အေး
မမိုးမမ
ကိုဏီလင်းညို
ကိုနေလမင်း
မမိုးထက်အိမ်
ရွေးပါ
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။