Vincent Van Gogh - 20 May 2009 - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [43]
ဝတ္ထုတို [2]
ဘာသာရေး [1]
ဝေမျှခြင်း [7]
ရေးမိရေးရာများ [2]
ဓါတ်ပုံမှတ်တမ်း [1]
Tag Post [1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » 2009 » May » 20 » Vincent Van Gogh
Vincent Van Gogh
1:44 PM

Vincent Van Gogh သည် လူ့လောကတွင် နေထိုင်သွားခဲ့ရသည်မှာ ၃၇ နှစ်မျှသာဖြစ်သည်။ သူကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်း ၁၁၀ နီးပါးရှိခဲ့ပြီဖြစ်သော်လည်း သူ့နာမည်သည် ယခုထိအသေသေး၊ ယနေ့ခေတ် ကာလအထိသူ့နာမည်သည် လူအများ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေဆဲ ၊ သူ့ပေါ်စိတ်ဝင်စားမှုများမှာလည်း လျော့နည်းသွားသည်ဟုမရှိပါ။ သူအသက်ရှင်နေသော အနှစ်၃၀ ကျော်ကာလအတွင်း သူလုပ်ခဲ့သမျှ ဘာတစ်ခုမှ မအောင်မြင်ခဲ့ပါ။ အရှုံး နှင့်သာရင်ဆိုင်ခဲ့ရသည်။ သူသည် ရှေးဦးစွာ ပန်းချီကားအရောင်းဆိုင်တွင် အရောင်းစာရေး၊ စာအုပ်အရောင်းဆိုင်စာရေး၊ ထို့နောက် ဓမ္မဆရာ နှင့် ပန်းချီဆရာဘ၀တွင်လည်း အောင်မြင်မှုမရခဲ့ပါ။ သူ၏ ပန်းချီကားများကို တစ်ဦးတစ်ယောက်ကပင် ကြည့်မည့်သူမရှိ။ သူ့ပန်းချီကားများအား ပြက်ရယ်ပြုခဲ့ကြသည်။ သို့ရာတွင် သူသည် ကွယ်လွန်ချိန်အထိ ပန်းချီအလုပ်တွင် ဇောက်ချပြီး ဇွဲကြီးစွာ လုပ်ကိုင်သွားခဲ့သည်။ သူကွယ်လွန်ပြီးသောအခါ တစ်ကမ္ဘာလုံးက အံ့သြချီကျူးနေရသည့် သန်းကျော်ပန်းချီကားများဖြစ်လာခဲ့သည်။ သူ၏ ပန်းချီကားများထဲမှ ပျိုးကြဲသူ (The Sower)၊ပန်းနေကြာ (The Sun-flowers)၊ ကြယ်ရောင်လင်းသည့်ည (The Starlit Night) ၊ ဖူးပွင့်နေကြသည့်သစ်သီးခြံများ (Blooming Orchards)၊ အာလူးစားသူများ (The Potato Eaters)၊ ဂျုံခင်းများထဲမှ ကျီကန်းများ (Crows in the Wheat Fields)၊ ဆိုက်ပရပ်(စ်)ပင်များ (The Cypresses) နှင့် ညလုံးပေါက်ကဖေး (The Night Cafe) တို့မှာလူသိများသောပန်းချီကားများဖြစ်ကြသည်။
"အာလူးစားသူများ (The Potato Eaters)" ပန်းချီကားသည် သူ၏ထူးခြားပြောင်မြောက်သော ပထမဆုံးလက်ရာဖြစ်သည်။ ထိုကားတွင် သူသည်အရောင်စမ်းသပ်မှုနှင့်ပတ်သတ်၍ အောင်မြင်မှုကိုရရှိခဲ့သည်။ အနက်ရောင်နှင့်အညိုရောင်များကို အများဆုံးသုံးထားပါသည်။ ပင်ကိုယ်အရောင်များကိုမသုံးထားပါ။ အနီ၊အ၀ါ နှင့် အပြာရောင်တို့ကို ပေါင်းစပ်ရေးစွဲထားခြင်းဖြစ်ပါသည်။ အရိပ်များ ပင်လျှင်အရောင်များရှိနေပါသည်။ အရောင်အားလုံးသည် အားမာန်နှင့် အာရုံခံစားမှုကိုပေးစေသည်။ Vincent ၏အရောင်များအပေါ်လွှမ်းမိုးနိုင်ခြင်းသည် ၁၈၈၃ ခုနှစ်နောက်ပိုင်းကာလနှင့် ၁၈၈၄ခုနှစ် အတွင်းတွင် အရှိန်ပိုတက်လာခဲ့သည်။ သူ၏ အမြင်အာရုံ သည်ဘယ်လိုပေါ်ထွက်လာသလဲ ဆိုသည်မှာ လျှို့  ၀ှက်ချက်တစ်ခုဖြစ်နေသည်။ သူ့ ပါရမီ၏မူလအစကို လိုက်လံရှာဖွေသောအခါ လမ်းစပျောက်နေပါသည်။ သူ၏ ထူးခြားသောအစွမ်းအစများနှင့်ပတ်သက်၍ ရိုးရာဗီဇက ဆက်ခံရရှိခဲ့သော စွမ်းရည်နှင့် အများက လက်ခံထားသောအမှန်တရားတို့ကို စိန်ခေါ်ရဲသည့် သတ္တိ ပေါင်းစပ်မိပြီး အရောင်အသွေးအပြန်အလှန်ဆက်စပ်ယှက်နွယ်မှုကို အလိုအလျောက်ထိုးထွင်းသိမြင်သည့် ပင်ကို ဥာဏ်သွေး နှင့်တွဲမိကာဖြစ်ပေါ်လာခြင်းဖြစ်ပုံရသည်။ သူသည် အလုပ်နှင့် မိသားစုတာဝန်များကိုယူထားရသူမဟုတ်ပါ။ အချိန်တိုင်းအားလပ်နေသူတစ်ယောက်ဖြစ်သောကြောင့် ကျွမ်းကျင်မှုများကိုပိုမို၍ ကျွမ်းကျင်လာအောင်စွဲစွဲမြဲမြဲလုပ်နိုင်နေသူဖြစ်သည်။
ဝမ်းနည်းမှုများ၊ စိတ်ချောက်ချားမှုများ နှင့် ကယောင်ချောက်ချားဖြစ်မှုများကို ခံစားနေရသော Vincent သည် "ညလုံးပေါက်ကဖေး (The Night Cafe)" အမည်ရှိ ပန်းချီကားကိုရေးဆွဲပြီး ၄ လအကြာတွင် သူ့နားရွက်ခွံကို လှီးဖြတ်ခဲ့သည်။ စိတ်ဝေဒနာ နှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာသည့် ရောပါလက္ခဏာဖြစ်သည်။ ထိုခေတ်က စိတ်ကျန်းမာရေးနှင့်ပတ်သက်သော ဗဟုသုတများ အလွန်နည်းသေးသည်။ စနစ်တကျ နှင့် ကျယ်ကျယ်ပြန့်ပြန့် နားလည်ခြင်းမရှိကြပါ။ သူ့အား စိတ်ဆေးရုံတွင် လက်ခံခဲ့သော ဆရာဝန်က သူသည် မရှိကိုအရှိ၊ မဟုတ်ကိုအဟုတ်ဟုထင်မှတ်ကာ ရူးသွပ်နေသူဟု ဆေးမှတ်တမ်းရေးမှတ်ခဲ့သည်။ စိတ်ရောဂါကို ခံစားပြီးချိန်မှစ၍ သူသည်နေ့စဉ်နှင့်အမျှ မပျော်မရွှင်ဖြစ်လာခဲ့သည်။ သူလုပ်နေကျအလုပ်ကို တည်ငြိမ်အေးဆေးစွာမလုပ်နိုင်သဖြင့်စိတ်ကျသည့်ဝေဒနာကိုလည်း ခံစားခဲ့ရသည်။ သူပန်းချီဆွဲနေသည့်အချိန်လေး သာလျှင်သူဘ၀သည် ပုံမှန်အနေအထားသို့ရောက်ရှိနေသည်။ သူသည်စိတ်ဆေးရုံ ၌နေခဲ့ရသည့် ၁ နှစ်ကျော်ကာလအတွင်း ပန်းချီကားပေါင်း ၁၅၀ ခန့်ရေးဆွဲနိုင်ခဲ့သည်။
၁၈၉၀ ခုနှစ် မေလ တွင် သူသည်ဆေးရုံမှဆင်းခဲ့သည်။ ဇူလိုင်လသို့ရောက်သောအခါ Vincent သည် သူ့ကိုယ်သူ သေနတ်ဖြင့်ပစ်ခဲ့သည်။ သူခံစားနေရသော စိတ်ဒုက္ခအပေါင်းမှ လွတ်မြောက်ရာလမ်းကိုရှာဖွေခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့်ပစ်ခတ်ချိန်တွင် နေသည်သာလျက်ရှိသည်။ ပတ်ပတ်လည် ရှိမြေပြင်ပေါ်တွင် ဂျုံခင်းများသည်ရွှေရောင်သန်းနေကြသည်။ မိုးကောင်ကင်သည် ခါတိုင်းနေ့များထက် အပြာရောင်လွှမ်းခြုံထားသည်။ သူ့သေနတ်သံကြောင့် ကျီးကန်းအမြောက်အမြား သည်အလန့်တကြားထပျံကုန်ကြသည်။ ထိုဖြစ်ရပ်သည် ထိုလထဲမှာပင်သူဆွဲခဲ့သော ပန်းချီကားတစ်ကားနှင့် တူညီလျက်ရှိသည်။ (ဂျုံစိုက်ခင်းများထဲ မှ ကျီးကန်းများ - ၁၈၉၀) ၁၉၇၁ ခုနှစ်တွင် "Vincent" အမည်ရှိ သီချင်းဓါတ်ပြားထုတ်လုပ်ခဲ့ရာ ၁၉၉၇ ခုနှစ်အထိ နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ဓါတ်ပြားအချပ်ရေ ၁၀သန်းကျော်ရောင်းချခဲ့ရသည်။





                                     The Potato Eaters


                                 Crows in the Wheat Fields


                                         The Sun-flowers


                                           The Night Cafe


                                             Starry Night


                            Starry Night over the Rhone


                                      The Blue Irises

မှတ်ချက်။ ဗင်းဆင့်ရှာပုံတော် (မောင်ထွန်းသူ) မှ reference လုပ်ထားပါတယ်။ ပုံတွေကို Google မှကူးယူထားပါတယ်။

Category: ရေးမိရေးရာများ | Views: 816 | Added by: NAYMYOHTET | Rating: 3.0/1 |
Total comments: 0
Name *:
Email:
Code *:
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ

ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)





ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com




အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ




လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။