| အကြောင်းအရာ |
 |
| | |
 |
| တူရာတူရာအစုများ |
 |
| | |
 |
| အိမ်ထဲမှာ |
 |
|
ယောက်စာဖတ်နေပါတယ် | |
 |
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
|
 |  |  |
| Main » 2009 » June » 2
 ကျွန်တော် ဒါလေးနဲ့ ဧည့်ခံပါရစေ...လာရောက်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ မွေးနေ့ရောက်ရင် အမေ့ကို အရင်သတိရပါလို့ ဆရာတော်တစ်ပါး ဟောတာကြားဖူးပါတယ်။ ကျွန်တော့်ကို မိုးတွေရွာနေတဲ့ June လ ရဲ့ စနေနေ့ မှာမွေးခဲ့ပါတယ်။ ကျွန်တော့်ကို မွေးဖွားတုန်းက အသက်အန္တရာယ် စိုးရိမ်စရာအဖြစ်နဲ့တောင် ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျွန်တော့်ကို လူ့လောကထဲရောက်အောင် ခက်ခက်ခဲခဲမွေးဖွားခဲ့ရတဲ့ အမေ့မွေးကျေးဇူးကပြောမပြနိုင်လောက်အောင်ကြီးမားလှပါတယ်။ မွေးဖွားပြီးတဲ့အချိန်ကစပြီး ကျွန်တော်ဟာ တော်တော်ကို ချူချာတဲ့ကလေးတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ အခက်အခဲ အမျိုးမျိုးကြားက ကျွန်တော့်ကို ဒီအရွယ်အထိရောက်အောင်ပြုစုစောင့်ရှောက်လာခဲ့တဲ့မိဘနှစ်ပါးလုံးရဲ့ မေတ္တာဟာနက်ရှိုင်းလွန်းလှပါတယ်။ တစ်ခါတလေ မိဘကို စိတ်ညစ်အောင် ကလန်ကဆန် လုပ်မိတာတွေကိုနောင်တရမိပါတယ်။ ငယ်ငယ်ကဆိုရင် ကျွန်တော်ဟာတော်တော်ဆိုးပါတယ်။ ဒါပေမယ့် အမြဲတမ်းသွန်သင်ဆုံးမနေတဲ့ အဖေရဲ့ ကျေးဇူးတွေကြောင့် အခုဆိုရင်လူတွေကြားထဲမှာ လူတွေနဲ့လိုက်ရောညီထွေဖြစ်အောင်နေထိုင်တတ်နေပြီလို့ ယူဆမိပါတယ်။ ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ ၊တစ်နှစ်ပြီးတစ်နှစ် ပျော်ရွှင်စရာတွေ၊ ၀မ်းနည်းစရာတွေ၊ အောင်မြင်မှုတွေ၊ ကျဆုံးမှုတွေ၊ အမှန်တွေနဲ့ အမှားတွေ ရောထွေးနေတဲ့ကျွန်တော့်ဘ၀ ရဲ့ သမိုင်းကို ကျွန်တော်ရေးလာလိုက်တာ ဒီနေ့အထိပါဘဲလေ...။
|
|
| |
 |  |  |
|
| ရှာရန် |
 |
| | |
 |
| ရေးပြီးတာလေးတွေ |
 |
| | |
 |
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)

ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
|