| အကြောင်းအရာ |
 |
| | |
 |
| တူရာတူရာအစုများ |
 |
| | |
 |
| အိမ်ထဲမှာ |
 |
|
ယောက်စာဖတ်နေပါတယ် | |
 |
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
|
 |  |  |
| Main » 2009 » June » 18
 ဖော်မြူလာမရှိတဲ့ မညီမျှခြင်း
အချစ်ဆိုတာ ညနေစောင်း အင်းယားကန်လား၊ မုန်တိုင်းသင့် ခရေပင်လမ်းလား၊ ညလမ်းမီးတွေနဲ့ ပြည်လမ်းပလက်ဖောင်းလား၊ မီးစွဲနေတဲ့ စနက်တံလား၊ ပင်ကိုယ် စရိုက်ပျောက်တာကိုပြောတာလား၊ မူးပြီး ပေါက်ကွဲတာကိုပြောတာလား၊ မူးပြီး ငိုတာကိုပြောတာလား၊ မူးပြီး ငိုရင်းနဲ့ ပေါက်ကွဲတာကိုပြောတာလား၊ ဘရိုင်ယန်အက်ဒမ် သီချင်းထဲကလို မလုပ်ဖူးတာတွေ လျှောက်လုပ်နေရတာကိုပြောတာလား...၊ ငါတော့ " ဖော်မြူလာမရှိတဲ့ မညီမျှခြင်း " လို့ပြောမယ်...။ ရိုမန်းတစ်ခ် သိပ်ဆန်ချင်လို့... အတွေးတွေထဲမှာပဲ မျောရင်း...မျောရင်း...၊ အတွေးတွေက ကိုယ့်ကိုပြန်ခြောက်လှန့်တာကို အချိန်နဲ့အမျှခံနေရပြီ။ ခဏ...ခဏ...ခဏ...လေးတွေကို ရင်ဘက်ထဲမှာစုနေရင်း နိဂုံး ဆိုတဲ့စကားလုံး ကိုကောက်ကိုင်မိတယ်....။ ငါက ဦးပုည လိုကဗျာဆရာလူရိုင်းကြီးမဟုတ်တော့၊ " မုဆိုးတစ်ပိုင်း၊ မိန်းမရိုင်းကြီး" လို့မသုံးရက်။ မင်းကိုသနားမိတဲ့ငါ၊ မင်းထက် သနားစရာကောင်းတဲ့ လူတွေရှိမှန်း၊ ငါ့ကို ငါသနားတတ်မှ သိရတယ်...။ လူတစ်ယောက်ကိုတကယ်ချစ်ခဲ့ဖူးတဲ့ငါ...၊ အနုပညာကို သိပ်နှစ်သက်ခံစားတတ်လို့ အနုပညာဆန်ဆန်ခံစား...၊ ခံစားတတ်သလောက် နာကျင်နေရပြီ။ ၁၀ ကျပ်သား အချိန်လေးကို ၁၀ ပိဿာအချစ်နဲ့ ချိန်ခွင်ထဲမှာ ထည့်ချိန်တော့၊ ချိန်ခွင်က လှောင်သလိုနဲ့ လျှာထုတ်ပြ၊ မညီရမလားဆိုပြီး ဒေါသထွက်တဲ့ငါ..၊ ကဗျာသိပ်ဆန်ချင်တဲ့ငါ..၊ လေးလုံးစပ် တောင်နားမလည်ပဲ .. အချစ်ကဗျာရေး၊ " အရူး " လို့ ၀ိုင်းပြောမှ ငါ့ကိုယ်ငါ ရူးမှန်းသိရတော့တယ်။
|
|
| |
 |  |  |
|
| ရှာရန် |
 |
| | |
 |
| ရေးပြီးတာလေးတွေ |
 |
| | |
 |
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)

ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
|