ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ် - 24 July 2009 - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [43]
ဝတ္ထုတို [2]
ဘာသာရေး [1]
ဝေမျှခြင်း [7]
ရေးမိရေးရာများ [2]
ဓါတ်ပုံမှတ်တမ်း [1]
Tag Post [1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » 2009 » July » 24 » ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ်
ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ်
1:07 PM
ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ် (BOHEMIAN LIFE CYCLE)


ရွေ့ လျားမိုးတိမ် လေနှင်ရာလွင့်ခဲ့လိုက်တာ
ဗန်ဂိုး ရဲ့  ဆိုက်ပရပ်စ် အပင်တွေလိုလို....
ရုပ်ရှင်မြို့  တော်ရဲ့   ဘိုလီဗာ့ဒ် ညလမ်းဘေးလိုလို...
ကာနီဗဲလ် လိုလို...
ရန်ကုန်သင်္ကြန်လိုလို...အို...
ငါ့ရင်ထဲမှာတော့ ငါ့အိပ်မက်တွေကို သိမ်းထားတုန်းပဲ..။

ခံစားမှု အချို့  ကို သိမ်းထားပြီး
အချို့  ကိုငါ....ဗျစ်ရည်နဲ့အတူ
ကမ္ဘာကြီးကို စွန့်ကြဲခဲ့တယ်...
ခေါင်းစဉ်တချို့  တပ်ပြီးတော့ပေါ့...။

ဟိုခြစ် ဒီခြစ် ခဲတံတိုတို
အဆက်မပြတ် ခရီးနှင်ခဲ့
ဖြူလွှလွှ မျက်နှာပြင်ပေါ်...
ပီကာစာ ကိုအားကျမိတဲ့အမှားတွေ
အခုတော့...
ပြင်မရတဲ့အမှားတွေက အမှိုက်ပုံးထဲမှာ၊
ဆေးလိပ်တိုတွေက ငါ့ဘေးမှာ...။

ကျုပ်မုန်းတဲ့ နာရီလက်တံဘ၀တွေ...
ဆီလို ရေလိုဘ၀ ကိုအားကျမိသလိုလို။

နေမ၀င်တဲ့ မြို့  လေးကိုလည်းရောက်ဖူးချင်...
ဂန္တ၀င် ကာဆပ်ဘလန်ခါ ကိုလည်းရောက်ဖူးချင်....
ပင်လယ်ထဲမှာ သင်္ဘောငယ်လေးနဲ့ တစ်ကျွန်းပြီး တစ်ကျွန်း...ပြီးတာ့ တဟီတီ အထိပေါ့...
ရေပူစမ်းထဲမှာ ၀ိုင်ရစ်ပြီး တစ်မှေးလောက်အိပ်ချင်ခဲ့...
အော်ပရာပွဲ ကိုသူမနဲ့အတူကြည့်ချင်တယ်...
ရောမမြို့  ကိုသူမနဲ့လျှောက်လည်ချင်တယ်...
လက်တင်ဂစ်တာ သံစဉ်တွေကြားမှာ သူမရဲ့  နောက်ဆုံးတွဲကဖော် ဖြစ်ချင်တယ်...
ပြီးတော့....ပြီးတော့....ဖြစ်နိုင်ရင် စိတ်ကူးမယဉ်တတ်သူ တစ်ယောက်ဖြစ်ချင်တယ်...
ဒါ တစိတ်တပိုင်းရဲ့  တချို့  တလေ...
အခုတော့... အသွားအလာချို့  တဲ့လွန်းတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ
ကားကြုံထိုင်စောင့်နေတုန်းပဲ...
အချိန်က သုညနာရီခွဲ ။

ရပ် နေတာ မကောင်းလို့
ကျုပ် လမ်းထလျှောက်မှ
"လမ်းလျှောက်နေတဲ့ င်္သချိုင်းမှတ်တိုင်တွေကို လူဟုခေါ်သည်" တဲ့
မေ့သလောက်ရှိနေတဲ့စာအုပ်ထဲက ဒဿနစာသား...
ရုတ်တရက်နိုးထအသက်ဝင်ခဲ့။

ဒီမှာ မိတ်ဆွေ...
လသာရက်နဲ့ နေထွက်ရက်ဘယ်ဟာက ပိုများသလဲ??
ကျုပ်လည်း လူသားမို့
ထင်ရာတွေလုပ်ပြီး မထင်တာတွေဖြစ်ခဲ့မိမယ်ထင်ပါ့...
မရောင့်ရဲတတ်လို့ သောက်တလွဲတွေလည်းအများကြီးပေါ့...
မုသားတွေကိုလည်း သူများတွေလိုဘဲသုံးခဲ့မိပေါ့...
အိမ်မက်တွေနဲ့ ကြိတ်ရူးခဲ့လို့ စိတ်ကူးတွေလည်း ယဉ်ခဲ့မိပေါ့...
စူးစမ်းချင်စိတ်တွေကြောင့် အရူးအနှမ်း အထင်ခံခဲ့ရပေါင်းလည်းမနဲလေတော့
အသက်ရှင်နေသရွေ့
အမှားတွေကို စကားတွေနဲ့ဖုံးဖို့ ကြိုးစားနေရအုံးမတဲ့လား...။

အို..ဘုရားသခင်
မနေ့ကနဲ့ မတူတဲ့ မနက်ဖြန်များကို ပိုင်ဆိုင်ခွင့်ပေးပါ..။

Category: ကဗျာ | Views: 122 | Added by: NAYMYOHTET | Rating: 0.0/0 |
Total comments: 2
0  
2 ပန်းပွင့်ဖြူ   (2010-09-22 10:46 AM)
လေးစားပါတယ် ကဗျာဆရာ...း)

0  
1 တေလေ   (2009-07-25 3:21 PM)
အစ်ကိုရေ ကဗျာလေးအရမ်းကောင်းတယ်ဗျ
အချိန်က သုညနာရီခွဲ ။
တဲ့လားဗျာ..မိုက်တယ်....

Name *:
Email:
Code *:
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ

ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)





ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com




အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ




လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။