အ၀ိဇ္ဇာ (၀ါ) ခေါင်းစဉ်တပ် ဒဿန - 10 August 2009 - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [43]
ဝတ္ထုတို [2]
ဘာသာရေး [1]
ဝေမျှခြင်း [7]
ရေးမိရေးရာများ [2]
ဓါတ်ပုံမှတ်တမ်း [1]
Tag Post [1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » 2009 » August » 10 » အ၀ိဇ္ဇာ (၀ါ) ခေါင်းစဉ်တပ် ဒဿန
အ၀ိဇ္ဇာ (၀ါ) ခေါင်းစဉ်တပ် ဒဿန
11:44 AM

အ၀ိဇ္ဇာ (၀ါ) ခေါင်းစဉ်တပ် ဒဿန


နေမ၀င်တဲ့ ညတွေရှိနေတတ်ပေမယ့်
နေမထွက်တဲ့ မနက်ဆိုတာ
တစ်ခါမှ မရှိခဲ့ဘူး..
ဒါပေမယ့် ငါ့အိပ်မက်မနက်ခင်းတွေမှာ
တိမ်တွေဖုံးခဲ့ဖူးတယ်။

အကောင်းနဲ့ အဆိုးကို
မဝေခွဲတတ်ခင်
သူတို့ပြောတဲ့ အဆိုး ဆိုတာက
ငါ့ သူငယ်ချင်း။
သူတို့ပြောတဲ့ အကောင်း ဆိုတာက
ငါ့သူငယ်ချင်းရဲ့   ခိုင်းဘက်သာ။

"တန်ဖိုး" တဲ့လား..
အဲဒီစကားလုံး ဘယ်လောက်တန်သလဲ?
စဉ်စားကြည့်တော့
တံဆိပ်တွေက ဓါတ်လှေကားတွေဖြစ်ခဲ့ရပေါ့..။
အမှန်က မိုးပျံပူဖောင်းတွေပါ..။

ရွှံ့  နွံတွေ လာရောခဲ့တော့
ငါက နွံရေတွေဖြစ်ခဲ့
ကော်ဖီမှုန့် တွေလာရောတော့
ငါက ကော်ဖီပူပူလေးပေါ့
စကော့တလန် ၀ီစကီလာရောတော့
ငါက အရက်အကောင်းစားဖြစ်ပြန်ရော
အော်...ငါကရေလိုပါလား...။
တကယ်တော့ လက်ဖက်ခြောက်လိုဖြစ်ချင်နေတာ
ရေနွေးပူပူရဲ့   ဂုဏ်သတ္တိကိုပြောင်းပစ်တဲ့
သူရဲကောင်း အဖြစ်နဲ့ပေါ့..။

ကိန်းဂဏန်းသံကြိုးတွေကို
အမိအရကုတ်တွယ်၊ ဖက်တက်ကြ
"တန်ဖိုး" ဆိုတာကြီးကိုရယူဖို့ကြိုးစားရင်း
မီးစာကုန်၊ ဆီခမ်းရောတဲ့။
ဆီမခမ်းခင် မီးစာကုန်တတ်တာသိရတော့
သွေးပျက်ခဲ့ရသေးတယ်။
အဲဒါထက်ဆိုးတာ မီးငြိမ်းသွားတာဘဲ။

ခုတော့ငါနားလည်ပြီ
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ
မှန်ခြင်း၊ မှားခြင်းရဲ့  သားသမီး..၊
ငါနဲ့အတူရှိတဲ့ မိတ်ဆွေတွေလို့
သဘောပေါက်ခဲ့တာ...
တကယ်တော့
အားလုံးက အဆုံးထိပို့တတ်တဲ့
သူစိမ်းတွေပဲလေ။

ဒီလိုနဲ့ ရည်ရ္ဂယ်ချက်လမ်းအတိုင်း
လျှောက်တလှည့်၊ နားတလှည့်ခရီးဆက်ခဲ့တာ
ကြည့်စမ်း...
ဟိုရှေ့  နားမှာ လူတွေအုံလို့
အကောင်းနဲ့ အဆိုး လွန်ဆွဲပွဲ။

Category: ကဗျာ | Views: 132 | Added by: NAYMYOHTET | Rating: 0.0/0 |
Total comments: 1
0  
1 ရွှေပြည်သူ   (2009-08-11 6:56 PM)
“ကိန်းဂဏန်းသံကြိုးတွေကို
အမိအရကုတ်တွယ်၊ ဖက်တက်ကြ
"တန်ဖိုး" ဆိုတာကြီးကိုရယူဖို့ကြိုးစားရင်း
မီးစာကုန်၊ ဆီခမ်းရောတဲ့။
ဆီမခမ်းခင် မီးစာကုန်တတ်တာသိရတော့
သွေးပျက်ခဲ့ရသေးတယ်။
အဲဒါထက်ဆိုးတာ မီးငြိမ်းသွားတာဘဲ။”

သိပ်အဓိပ္ပါယ်ရှိတာပဲ... ဟုတ်တယ် အဲဒီ ကိုယ်တန်ဖိုးထားရာအရာတွေရဲ့ နောက်ကို လိုက်ကြရင်း မီးစာကုန် ဆီခန်းကြရတာ... ကြည့်ပြန်တော့လည်း လက်ဆုပ်လက်ကိုင်က ဘာမှ မရှိ။ ကဗျာကောင်း တစ်ပုဒ်ပါ...


Name *:
Email:
Code *:
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ

ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)





ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com




အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ




လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။