Create a Website
Online games
[
Play Free Online Games, sports games, massive multiplayer games, action games, puzzle games, flash games and more.
]
ကိုလိုကွီးယယ် (Colloquial) - 17 August 2009 - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
အကြောင်းအရာ
ဘလော့ဂ်စာမျက်နှာ
ပန်ကြားချက်
တစ်ခုခုရေးခဲ့ပါ
တူရာတူရာအစုများ
ကဗျာ
[43]
ဝတ္ထုတို
[2]
ဘာသာရေး
[1]
ဝေမျှခြင်း
[7]
ရေးမိရေးရာများ
[2]
ဓါတ်ပုံမှတ်တမ်း
[1]
Tag Post
[1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
ဧည့်သည်တော် စုစုပေါင်း
Share
Main
»
2009
»
August
»
17
» ကိုလိုကွီးယယ် (Colloquial)
ကိုလိုကွီးယယ် (Colloquial)
11:57 AM
ကျွန်တော်တို့စာရေးတဲ့ အခါ စကားပြောဟန်နဲ့ရေးမလား၊ စာဟန်နဲ့ရေးမလားရယ်လို့ တွေးတောမိကြပါတယ်။ စကားပြောဟန်၊ ရင်းနှီးဟန်၊ အရပ်ဟန်တို့နဲ့ စာကိုရေးတာကတော့ "ကိုလိုကွီးယယ်" (Colloquial) ဟန်ဖြစ်ပါတယ်။ စာဟန်နဲ့ရေးတာကတော့ ရေးရိုးရေးစဉ် ၍၊ သည်၊ ၏ တို့နဲ့ အတည်အခန့်ရေးတဲ့နည်းလို့ ဆိုရပါမယ်။ အဲဒီနည်းကို ဖော်မယ် စတန်းဒတ် (Formal Standard) ဟန်နဲ့ ရေးတယ်လို့ အဘိဓာန်မှာဆိုပါတယ်။ အခုဆောင်းပါးကိုရေးနေတဲ့ ဟန်ကတော့ ကိုလိုကွီးယယ် ဟန်ဖြစ်ပါတယ်။ အသံထွက်ကတော့ ခက်သလိုလို၊ ဆိုလို့ ကောင်းသလိုလိုပါပဲ။ ဒါပေမယ့် လုပ်ငန်းသုံးဝေါဟာရ အဖြစ်နဲ့ သုံးစွဲပြောဆိုနေကြပါတယ်။ တစ်နည်းအားဖြင့်တော့ ရင်းနှီးတဲ့ဟန် (Intimate Style) လို့ပြောလို့ရပါတယ်။ စာဟန်ထက်စာရင် ပိုပြီးနားဝင်တယ်ပေါ့။ မျက်နှာချင်းဆိုင်ပြောနေသလိုပေါ့။ စကားလုံး အသုံးအနှုန်းကလည်း အခံ့အညား သိပ်မပါနိုင်ပါဘူး လို့ပြောရပါမယ်။ ၀တ္တုစာအုပ်တွေ၊ ကျမ်းစာအုပ်တွေထဲမှာဆိုရင် အဖြစ်အပျက်နဲ့ အကြောင်းအရာ ရှင်းလင်းချက်ကို စာသားနဲ့ရေးပြီး စကားပြောတာတွေကို ပြောဟန်နဲ့သီးခြားရေးကြတာတွေ့ရပါတယ်။ အင်္ဂလိပ်အဘိဓာန် တစ်ခုမှာတော့ စကားပြောဟန်ဟာ မင်းပါးစိုးခွင် မ၀င်ဘူး၊ အရပ်ဓလေ့ ရွာဓလေ့နဲ့နီးတယ်၊ ထုံးမီစံမျှ မဖြစ်ဘူးလို့လည်းယူဆတာမျိုး ရှိတဲ့ အကြောင်းကိုဖော်ပြထားပါတယ်။ စာဟန်ကတော့ရှင်းပါတယ်။ "ဘဦး ရေကူးနေသည်" ၊ "ငါ၏ဒူးနာ၏" ဆိုတဲ့ဟန်မျိုးနဲ့ရေးတာပါ။ ကျွန်တော်တို့ဆီမှာစကားပြောဟန်တွေနဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ အရေးများလာတာကို တွေ့ရပါတယ်။ ဟိုးတုန်းက ဆရာဇ၀နရဲ့ "ဦးလေးပြောမယ်" ဆိုတဲ့အခန်းတို့၊ ရန်ကုန်သတင်းစာက မြို့ မမောင်၊ စပ်ဖြဲမောင်တို့ရဲ့ အခန်းမှာ စကားပြောနဲ့ပဲရေးကြရပါတယ်။ သဘာဝကိုက ဒီလိုဟန်နဲ့ရေးရမှာဖြစ်လို့ပါပဲ။ ပေးစာအဖြစ်ပေးတဲ့စာတွေမှာ ဒီလိုဘဲဖြစ်ပါတယ်။ ဒါတောင် "စာရေးလိုက်ပါသည်ခင်ဗျား" ဆိုပြီး အာလုတ်ပြုတတ်ကြပါသေးတယ်။ ကျွန်တော်တို့ဆီမှာ စကားပြောဟန်နဲ့ စာရေးကြတာရဲ့ အစဟာ စစ်ပြီးခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်လူထုတရားပွဲနဲ့ ရှင်းလင်းတင်ပြပွဲတွေမှာပြောတဲ့စကားတွေကို သတင်းစာ၊ ဂျာနယ်တွေမှာ မူရင်းအတိုင်း (Verbatin) ဖော်ပြတဲ့အခါစကားပြောအတိုင်းဖြစ်ခဲ့ပါတယ်။ စစ်ကြိုခေတ်ကဆိုရင် တစ်ဆင့်ခံပြောစကား (Reported Speech) နဲ့ဖော်ပြလေ့ရှိကြပါတယ်။ စစ်ပြီးခေတ်မှာတောင် စကားပြော ".....ပါတယ်" ၊ ".....ဆောင်ရွက်ပါ" လို့တိုက်ရိုက်မရေးဘဲ "ကြောင်း" နဲ့အဆုံးသတ်ကြပါတယ်။ စကားပြောရေးဟန်နဲ့ ရေးသားမှု တွင်ကျယ်ခြင်းနဲ့ ပတ်သက်တဲ့ အထောက်အထားတစ်ခုကတော့ ၂၀၀၀ပြည့်နှစ်မှာ စာမူခွင့်ပြုချက်အမှတ် ၆၄၉/ ၉၉ (၈)နဲ့ထုတ်တဲ့ ဆရာနေထွတ် ရဲ့ "မန္တလေးအဘိဓာန်" စာအုပ်မှာတော့ ၁၉၆၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ မြန်မာစာဆရာ "ဦးကျော်ရင် လေထီး" အကြောင်းထဲမှာ "၁၉၆၅(၁၃၂၇)"ခု ဓမ္မဗိမာန်စာဆိုတော်နေ့အခမ်းအနားတွင် "ဆင်သွားရင် လမ်းဖြစ်တယ်" ဟုဆိုကာ စကားပြောဟန်ဖြင့် စာရေးနည်းသစ်ကိုထောက်ခံခဲ့" လို့ရေးသားထားပြီး ဒီရေးနည်းကို "ဆင်သွားမူ" ရယ်လို့အမည်တွင်ကြောင်းရေးသားထားတာကို တွေ့ရပါတယ်။ အဲဒီအချိန်တစ်ဝိုက်လောက်တုန်းက "Colloquialization of Burmese" ဆိုတဲ့အမည်နဲ့ ပြည်ပရောက် မြန်မာပညာရှင်တစ်ဦးရေးတဲ့စာအုပ်ကိုလည်း တွေ့ခဲ့ရဖူးပါတယ်။ စကားပြောတာ၊ စာရေးတာကို စူးလို၊ ဆောက်လိုလွယ်လွယ်ကူကူ ဒိုးဒိုးဒေါက်ဒေါက် ရေးဖို့တိုက်တွန်းထားတယ်လို့မှတ်မိပါတယ်။ ဒါကြောင့် "ကိုလိုကွီးယယ်" ကရင်းနှီးဟန် လွယ်ကူပြီး "ဖော်မယ်" စာရေးဟန်ကတော့ အခန့်အသန့် တည်ငြိမ်တယ်ဆိုပြီး အကြောင်းကိစ္စကို လိုက်လို့ရေးသားနေကြ တာ ရောက်ဆဲအလေ့အထတစ်ခုဖြစ်တာကို သုံးသပ်မိပါတယ်။
မောင်ဆုရှင် (၂၁ရာစု လူမှုဝေါဟာရများ အတွဲ ၃) မှကောက်နုတ်ဖော်ပြပါတယ်။
Category:
ဝေမျှခြင်း
| Views: 125 | Added by:
NAYMYOHTET
| Rating: 0.0/0 |
- Rate -
Excellent
Good
Not bad
Bad
Awful
Total comments:
0
Name *:
Email:
Code *:
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ
2009 May
2009 June
2009 July
2009 August
2009 September
2009 October
2009 November
2010 October
2010 November
2011 January
2011 March
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)
ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
အစ်မကံကောင်းသူ
အဖြူရောင်မေတ္တာ
ညခင်းရဲ့လမင်း
ကိုရဲဝင့်သူ
ကိုဂျေဂျူဝိုင်
ကိုပန်မြတ်သွင်
ကိုနွယ်ရိုး
အစ်မရွှေပြည်သူ
အစ်မနှင်းဆီနက်
ကိုတေလေ
ကိုခွန်ပအိုဝ်း
ကိုတောင်ပေါ်သား
ကိုမနောသား
Dream
ရွှေမြန်မာ
ကိုလေတံခွန်
ကိုဗညားရှိန်
ကိုအေးချမ်းလေး
ငွန်ငယ်မိုး(ကိုမိုးသွေးငယ်)
ကိုနွေဆူးလင်္ကာ
ကိုချစ်တီး
ကိုမင်းသန့်
မချစ်ကြည်အေး
မမိုးမမ
ကိုဏီလင်းညို
ကိုနေလမင်း
မမိုးထက်အိမ်
ရွေးပါ
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။