Create a Website
Play for free
[
Hellbreed is an exciting browser game with sinister Hack and Slash action and fantastic graphics - no download necessary!
]
အမှောင်ဝင်ခြင်း - 12 November 2009 - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
အကြောင်းအရာ
ဘလော့ဂ်စာမျက်နှာ
ပန်ကြားချက်
တစ်ခုခုရေးခဲ့ပါ
တူရာတူရာအစုများ
ကဗျာ
[43]
ဝတ္ထုတို
[2]
ဘာသာရေး
[1]
ဝေမျှခြင်း
[7]
ရေးမိရေးရာများ
[2]
ဓါတ်ပုံမှတ်တမ်း
[1]
Tag Post
[1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
ဧည့်သည်တော် စုစုပေါင်း
Share
Main
»
2009
»
November
»
12
» အမှောင်ဝင်ခြင်း
အမှောင်ဝင်ခြင်း
5:31 PM
အမှောင်ဝင်ခြင်း
ဝင်ရိုးစွန်းရဲ့ ကြယ်ဝေတဲ့ညတစ်ခု...
လောင်းရိပ်အောက်က ထွက်ပြေးလာတုန်း
မူးသင့်သလောက်မူးနေရဲ့ ။
အရာခပ်သိမ်း
အေးတိအေးစက်ဖြစ်နေချိန်
အပြုံးတစ်ခု အသက်မ၀င်နိုင်လေတော့
မျက်လုံးတွေက မီးနီတွေပြနေတယ်။
ဒီမှာလေ...ခင်ဗျားတို့မမြင်နိုင်တဲ့
ကျဉ်းထဲကြပ်ထဲက ကိုယ်ပိုင်အတွေးတချို့
ဖွင့်ပြမလို့ကြံတုန်း
အများပိုင်ပညတ်တွေပေါ့...
စကားလုံးတွေကိုဝါးမျို၊
ကျုပ် လည်မျိုကိုဖြတ်သန်းလာတုန်းမှာပဲ
ပညတ်ရွေးရင်းနဲ့
အရှိန်လျော့၊ ပျက်ပြယ်ခဲ့ရတယ်...။
မနွေးထွေးစေနိုင်တဲ့
ဓါတ်မီးတိုင်အလင်းရောင်တွေ
အတ္တခန္ဓာကို စွန့်ခွါကြပြီး၊
ကိုယ်ပိုင်အရိပ်ကိုရက်ရက်စက်စက်
အပိုင်သိမ်းခဲ့တယ်။
စုတ်ဖွာတဲ့ဂျင်းပန်ကို
အရိုးခွဲမဲ့လေညှင်းက အနိုင်ယူပြီး
လက်ထဲက ဆေးလိပ်တိုကို
လုသောက်လိုက်ခြင်း...။
(26th Oct)
ဘိုလီဗာ့ဒ် တလျှောက်
မာနတစ်ခု ပျောက်ကျားတိုက်ခိုက်ခံရတုန်း
အလင်းပျောက်...အမှောင်ထုကို
ရင်ချင်းအက် ပခုံးချင်းဖက်
ပြီးတော့ ရှေ့ တည့်တည့်ကနေပြောလိုက်တယ်
(ငါ့အရိပ် ပြန်ပေးတော့..)
ခေါင်းတစ်ခုလုံးရှုပ်ထွေး
ဟိုနဲနဲ ဒီနဲနဲ ဖျက်ကနဲ ဖျက်ကနဲ
အတွေးစတွေ ၀ိုင်းနှိပ်စက်စဉ်
အမှိုက်ပုံးတစ်ခု အမှိုက်တွေအပြည့်နဲ့။
ဒီလိုနဲ့
တလောကလုံး ရက်စက်ချိန်မှာ
ကျုပ်...ဒီကြေးစားမြို့ တော်ကနေ
မှန်တစ်ချပ်ကို ခဲနဲ့ပစ်ပေါက်၊
တစ်ကိုယ်တော် စမ်းတ၀ါးဝါး
လမ်းလျှောက်ထွက်ခဲ့တယ်။
Category:
ကဗျာ
| Views: 253 | Added by:
NAYMYOHTET
| Rating: 0.0/0 |
- Rate -
Excellent
Good
Not bad
Bad
Awful
Total comments:
1
0
1
ဆွေလေးမွန်
(2009-11-12 6:58 PM)
ဒီကဗျာကတော့ သိပ်ပြီးနားမလည်ဘူး ဒါပေမယ့် စာသားလေးတွေ သုံးထားတာတော့ သဘောကျ နှစ်ခြိုက်မိပါတယ်။
Name *:
Email:
Code *:
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ
2009 May
2009 June
2009 July
2009 August
2009 September
2009 October
2009 November
2010 October
2010 November
2011 January
2011 March
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)
ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
အစ်မကံကောင်းသူ
အဖြူရောင်မေတ္တာ
ညခင်းရဲ့လမင်း
ကိုရဲဝင့်သူ
ကိုဂျေဂျူဝိုင်
ကိုပန်မြတ်သွင်
ကိုနွယ်ရိုး
အစ်မရွှေပြည်သူ
အစ်မနှင်းဆီနက်
ကိုတေလေ
ကိုခွန်ပအိုဝ်း
ကိုတောင်ပေါ်သား
ကိုမနောသား
Dream
ရွှေမြန်မာ
ကိုလေတံခွန်
ကိုဗညားရှိန်
ကိုအေးချမ်းလေး
ငွန်ငယ်မိုး(ကိုမိုးသွေးငယ်)
ကိုနွေဆူးလင်္ကာ
ကိုချစ်တီး
ကိုမင်းသန့်
မချစ်ကြည်အေး
မမိုးမမ
ကိုဏီလင်းညို
ကိုနေလမင်း
မမိုးထက်အိမ်
ရွေးပါ
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။