| အကြောင်းအရာ |
 |
| | |
 |
| တူရာတူရာအစုများ |
 |
| | |
 |
| အိမ်ထဲမှာ |
 |
|
ယောက်စာဖတ်နေပါတယ် | |
 |
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
|
 |  |  |
| Main » 2009 » November » 24
 ပျော့ကွက်
တစ်ချိန်ကပေါ့ နေမင်းဟာ အပြာရောင်သမ်းနေတဲ့ ကွန်ချာမဲ့ ဆေးဘက်ဝင်အိမ်မက်တွေ ပျို့အန်ခဲ့ပေမယ့် အီစွတ်ပုံပြင်တစ်ပုဒ်လောက်တောင် စိတ်ဝင်စားစရာမကောင်းခဲ့ဘူးလေ။
ဒါပုံပြင်မှမဟုတ်တာပဲ သူ၊ ကျွန်တော် အားလုံးသိတယ် သူ၊ ကျွန်တော် အားလုံးတွေ့တယ် အဲဒါ အစစ်တွေပါလို့ အော်ရောင်းရမယ့် လမ်းဘေးကျောက်မြတ်တွေမှ မဟုတ်ဘဲ... ၁၀၀ ဖိုး ၅ လိပ်ရတဲ့စိမ်းဖန့်ဖန့် ဆေးပေါ့လိပ်တွေမှ မဟုတ်ဘဲ... ဇာတ်လမ်းကြားဖြတ်တဲ့ တီဗီကြော်ငြာတွေမှ မဟုတ်ဘဲ... အရိပ်ပြလို့ အကောင်မမြင်ခဲ့တာ အရိပ်ရဲ့ အပြစ်ပဲထား ဒါဆို... နိုးစက်နာရီမှာ အပြစ်ရှိတယ် နွေးဦးလေရူးတွေမှာ အပြစ်ရှိတယ် ဂရေဟန်ဘဲ(လ်) မှာအပြစ်ရှိတယ် ထီးတစ်ချောင်းမှာ အပြစ်ရှိတယ် မှတ်စုစာအုပ်မှာ အပြစ်ရှိတယ် လမ်းမတွေမှာ အပြစ်ရှိတယ် မှန်တစ်ချပ်မှာ အပြစ်ရှိတယ် သီချင်းတွေမှာ အပြစ်ရှိတယ် ဘက်စ်ကားနံပါတ်( ) မှာအပြစ်ရှိတယ် အသံပျိုတဲ့ ဂစ်တာအိုမှာအပြစ်ရှိတယ် အချစ် တစ်ခုဟာ အပြစ် တစ်ခုဖြစ်မယ်ဆိုရင် ဒီမယ် ကလေးမ... အဲဒီအပြစ်တွေအားလုံးမင်းမှာရှိတယ်။
'ဘာဖြစ်ဖြစ်...ဘယ်လိုဖြစ်ဖြစ်ပေါ့...' အစွန်းရောက်ခံယူချက်တွေလေ တစ်စက်ချင်း...တစ်စက်ချင်း ခေါင်းထဲကနေ ထူးထူးဆန်းဆန်း နှလုံးသားထဲအထိစီးဝင်လာခဲ့ မိုးလည်းမမြင် လေလည်းမမြင် အဲဒီနှစ်တွေတုန်းက နှမ်းထွက်စာရင်း ပျောက်နေခဲ့ပေါ့။
ထိုင်ခွင့်မရတဲ့ခုံလွတ်တွေရယ်... ပျံသန်းရာလမ်းကြောင်းပြောင်းခဲ့တဲ့ ညနေစောင်းခိုပြာတွေရယ်... တုန်ရီနေတဲ့ ငါ့ 'အချစ်' ဒဿနမဲမဲတွေရယ်... ဖြစ်ခဲ့တဲ့ သဘောတူညီမှုပဋိပက္ခ။
ခုများတော့လား နာရီနဲ့ ပြက္ခဒိန်ကိုပစ်ပယ် ဟိုတစ်ချိန် အိမ်အပြန်လမ်းက ငါ့အပြုံးတွေ ဘယ်မလဲ?? ငါတောင်မသိတာ မင်းဆို...။
ဟောဒီမှာ မင်းအတွက်ဆိုပြီး မင်းမသိတဲ့နေရာ မင်းမသိတဲ့အချိန်မှာ မင်းမကြိုက်မယ့် ဒီကဗျာ... ငါရေးထားလိုက်တယ် မင်းနားလည်တဲ့နေ့ကျရင် ဒီကဗျာကိုဆက်ရေးတော့။ ။
|
|
|
| |
 |  |  |
|
| ရှာရန် |
 |
| | |
 |
| ရေးပြီးတာလေးတွေ |
 |
| | |
 |
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)

ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
|