| အကြောင်းအရာ |
 |
| | |
 |
| တူရာတူရာအစုများ |
 |
| | |
 |
| အိမ်ထဲမှာ |
 |
|
ယောက်စာဖတ်နေပါတယ် | |
 |
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
|
 |  |  |
| Main » 2010 » October » 12
 စားသုံးခြင်းမောနင်း... စတင်နှုတ်ဆက်လိုက်တော့ ငါ့ပဲ့တင်သံငါပြန်ကြားရ မျက်မှောင်ကြုတ်၊ လက်ထောင်ပြ အစွယ်တဖြဲဖြဲနဲ့ အပြုံးတစ်ခု လက်ဆောင်အဖြစ်ရခဲ့တယ်...။
အဆိုပါပညာရှိများပြောသော ကလေးစကားများကို ထိုကလေးများက ပညာပါပါ ငြိမ်သက်လျက်...။
အားပြည့်နေတဲ့ စက်ရုပ်တစ်ရုပ်ဟာ လက်ကိုဆန့် ၊ အားရပါးရညွှန်ပြလိုက်တော့ အရပ်ဟာ ၁၆မျက်နှာဖြစ်ခဲ့ရရှာတယ်...။
အစစ်များ တူးဖော်စဉ် အမှန်များရဲ့ ပြန်လည်တူးဖော်မှုကြောင့် ၄င်းတို့နဲ့ ကျွနိုပ်ကြား ဗျာများနေရတုန်း...။
ဆာလောင်နေတဲ့ လက်တစ်စုံဟာ အသားတစ်တုံးကို ကောက်ကိုင်စဉ် အသားတစ်တုံးဟာ ပါးစပ်ပေါက်တစ်ခုဖြစ်၊ ၀ိုင်နီနီတွေလောင်းထည့်လိုက်တယ် ပြီးတော့ "ငါ့မှာ လျှာမရှိဘူး..." ဆိုပဲ။
လမ်းဟောင်းလေးအတိုင်းပဲ ၀င်လာလိုက်တယ် ၀င် ၀င်ချင်းပဲ လမ်းတွေခွဲဖြာသွားတယ် လက်ပတ်နာရီ ဟာ ရုတ်တရက် ထိုးရပ်သွား ပြီးတော့ ငါ့ရဲ့ ခေါင်းဟာ ချောင်လွန်းလို့ ပြုတ်ထွက်သွားတယ် အဲဒီနောက် လမ်းတွေက လမ်းတွေမဟုတ်တော့ဘူးတဲ့ ၂၁ရာစု ဘီလူးများရဲ့ အန်ဖက် စီးကြောင်းများ...။
|
|
|
| |
 |  |  |
|
| ရှာရန် |
 |
| | |
 |
| ရေးပြီးတာလေးတွေ |
 |
| | |
 |
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)

ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
|