Create a Website
Online games
[
Play Free Online Games, sports games, massive multiplayer games, action games, puzzle games, flash games and more.
]
ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
အကြောင်းအရာ
ဘလော့ဂ်စာမျက်နှာ
ပန်ကြားချက်
တစ်ခုခုရေးခဲ့ပါ
တူရာတူရာအစုများ
ကဗျာ
[43]
ဝတ္ထုတို
[2]
ဘာသာရေး
[1]
ဝေမျှခြင်း
[7]
ရေးမိရေးရာများ
[2]
ဓါတ်ပုံမှတ်တမ်း
[1]
Tag Post
[1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
ဧည့်သည်တော် စုစုပေါင်း
Share
သူတို့နှင့်တွေ့ဆုံခြင်း
ကျွန်တော့်အစ်ကိုက ဒေါပုံသဘောင်္သားရုံးကိုအလုပ်ကိစ္စသွားရင်းအဖော်ခေါ်လို့ ကျွန်တော်လိုက်သွားခဲ့ပါတယ်။ ပြီးတော့လမ်းကြုံတာနဲ့ သာကေတမိကျောင်းမွေးမြူရေးစခန်းဆီကိုကျွန်တော်တို့နှစ်ယောက်ရောက်သွားခဲ့ပါတယ်။ ဓါတ်ပုံနဲ့ ဗွီဒီယိုမှတ်တမ်းလေးတွေလည်း လုပ်ခဲ့ ပါတယ်။ တစ်ချို့ ဓါတ်ပုံနဲ့ဗွီဒီယိုတွေ လွယ်လွယ်နဲ့မှတ်တမ်းတင်ခဲ့ရတာတော့မဟုတ်
ပါဘူးခင်ဗျာ...။ မွေးမြူရေးစခန်းရဲ့ အနောက်ဘက်၊ ဟိုဘက်ဒီဘက်မိကျောင်းတွေလွှတ်ထားတဲ့ ခြံဝင်းကြီးရဲ့ အလယ်ခေါင်က စည်းရိုးကိုကျော်ခွပြီး ရင်တွေဘာတွေခုန်ပြီး တိတ်တိတ်လေး ရိုက်ခဲ့ ပါတယ်... ဟဲဟဲးD
အောက်မှာ ကျွန်တော်ကိုယ်တိုင်ရိုက်ခဲ့တဲ့မှတ်တမ်းလေးတွေပါ...။ တစ်ချက်လောက်ကြည့် ကြည့်ပါအုံး..။
ဗွီဒီယိုက file size ကြီးနေလို့မတင်တော့ဘူးနော်..။ ကြိုးစားကြည့်သေးတယ်..connection မကောင်းလို့။
မွေးမြူရေးစခန်းရဲ့ တစ်စိတ်တစ်ဒေသ
မိကျောင်းဥတွေထားတဲ့ မိကျောင်းအသိုက်နေရာ
(တိတ်တိတ်လေးရိုက်လာခဲ့ပါတယ်)
မိကျောင်းအသိုက်
သူတို့ အစွယ်တွေ
ဦးခေါင်းခွံ
အကြီးဆုံးထဲက တစ်ကောင်
သူ့အမြီးက တမျိုးဘဲနော်
...
ဆက်ဖတ်ရန် »
Category:
ဓါတ်ပုံမှတ်တမ်း
| Views: 120 | Added by:
NAYMYOHTET
| Date:
2009-08-06
|
Comments (1)
Our Last Summer
Mamma Mia ဇာတ်ကားထဲက ကျွန်တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းလေးပါ။
Our Last Summer သီချင်းလေးကိုလည်းကြိုက်လို့...။
Category:
ဝေမျှခြင်း
| Views: 94 | Added by:
NAYMYOHTET
| Date:
2009-07-31
|
Comments (0)
မွန်းလိုက် စိုနာတာ
သန်းခေါင်ကျော်သွားပြီဖြစ်သဖြင့် ညဥ့်ကားမနက်တော့ပြီ။ လမင်းသည်ကျယ်ပြောလှသော ကောင်းကင်အတွင်းအခြွေအရံကြယ်များနှင့် သာချင်တိုင်းသာပြီး ညအလှကိုဖော်ဆောင်နေလေသည်။
လေညင်းသည် ပင်လယ်ပြင်မှ ရန်ကုန်မြစ်ရေပြင်ပေါ်သို့ အေးဆေးညင်သာစွာဖြတ်သန်းလာရာလမ်းကြောင်းတစ်လျှောက် အေးမြခြင်းကိုသယ်ဆောင်လာကာ ကုန်းတွင်းပိုင်းသို့ တိတ်တဆိတ်ဝင်ရောက်လျက်ရှိသည်။
ကမ်းနားလမ်းတစ်လျှောက် မာကျူရီမီးလုံးများ လင်းထိန်လျက်ရှိလေသည်။ သို့သော်အုပ်စုဖွဲ့နေတတ်သော ခွေးလေခွေးလွင့်များမှတပါး အခြားသက်မဲ့အရာဝတ္ထုများ ငြိမ်သက်လျက်ရှိသည်။ ညငှက်များ၏ အတောင်ပံခတ်သံကိုပင်
ကြားရလေသည်။ မီးအလင်းရောင်ကင်းမဲ့နေချိန်ဖြစ်သော မြို့ ပြညများ၏ တိုက်ခန်းများအနက် မီးအလင်းရောင်ပြပြလင်းနေသော တိုက်ခန်းတစ်ခု၌ ဘီသိုဗန်၏ (မွန်းလိုက် စိုနာတာ) ဟုခေါ်သော ဂန္တ၀င်စန္ဒယားဂီတကို တိုးညှင်းစွာထပ်ဖန်ရိုက်၍ ဖွင့်ထားသဖြင့်
ထိုအခန်းငယ်အတွင်းသံစဉ်များဖုံးလွှမ်းနေလေသည်။ ထိုည၏ တိတ်ဆိတ်မှု ကိုချိုးဖောက်၍ထွက်လာသောထိုသံစဉ်များနှင့်လမင်း၏ကမ္ဘာလောကတစ်ခုလုံးပေါ်သို့ပတ်လောင်းထားသောအလင်းရောင်ကို အပြည့်အ၀ခံစားရင်း
မနက်ဖြန်နေရောင်ခြည် ကိုစောင့်မျှော်နေသော သူတစ်ယောက်တော့ လေသာဆောင်၌ထိုင်နေရင်းအိပ်မပျော်နိုင်ဖြစ်နေလေသည်။ သို့သော်ထိုသူ၏မျက်နှာတွင် အပြုံးရိပ်တစ်ချို့ မကြာခဏ ဖြတ်သန်းလျက်ရှိနေသည်။
လရောင်၏ရောင်ပြန်ဟတ်မှုကြောင့်လား၊ မျက်ရည်စများကြောင့်လားတော့ မသိနိုင်သော်လည်း မျက်လုံးများအတွင်း၌ မှန်ကွဲစများကို မီးရောင် ထိုးထားသလိုရှိနေလေသည်။ ထိုမျက်လုံးအစုံမှာ လှုပ်ရှားမှုမရှိသော မျက်နှာချင်းဆိုင်တိုက်ခန်းများ၏
အပေါ်သို့ကျော်ကာ ကျယ်ပြောလှသော ကောင်းကင်ပေါ်သို့ လှုပ်ရှားမှုကင်းမဲ့စွာ အချိန်အတော်ကြာမြင့်သည့်တိုင်အောင် စူးစိုက်ကြည့်နေလေသည်။ ထိုသူ၏ရင်မှ ဖြစ်ပေါ်နေသော ခံစားချက်တချို့ ကို ကျယ်ပြောလှသော ကောင်းကင်မျက်နှာစာတွင်
အစီအစဉ်တကျဖြန့်ကြဲထားပုံရသည်။ တစ်နည်းအားဖြင့် သူ၏စိတ်တံခါးမျက်လုံးအစုံမှာ လွန်ခဲ့သောနှစ်အနည်းငယ်မှ အမှတ်တရပုံရိပ် များကို ငြိမ်သက်စွာပုံဖော်နေခြင်းဖြစ်သည်။ လက်ညိုးနှင့် လက်ခလယ်ကြားမှ တစ်ဝက်မျှကျန်သောဆေးလိပ်တိုမှာ မီးစွဲလျက်ရှိနေပြီး သူ့အနီးတွင် ငွေမှင်ရောင်သန်းနေသော ပြာစများအတွင်း၌ သက်တမ်းကုန်ဆုံးသွားသော ဆေးလိပ်တိုများ
အစီအစဉ်မဲ့လဲလျောင်းလျက်ရှိနေသည်။ ထိုသူ၏ ခန္ဓာမှာ လေသာဆောင်အတွင်း၌ ရှိနေသော်လည်း၊ သူ၏စိတ်တို့သည် ကန္တာရအတွင်းတွင် ခရီးသွားနေသည့်ပမာ မနက်နေရောင်ခြည်ကို အိုအေစစ်အလားတောင်းတနေလေသည်။
အေးမြသောလေညင်း၊ စောင်းဘောက်စ် မှတိုးညှင်းစွာထွက်ပေါ်နေသာဂန္တ၀င်ဂီတသံနှင့် အတွေးစိတ်ကူးများအတွင်းမျောလွင့်သွားသော ထိုသူသည်လေသာဆောင်ပြတင်းတံခါးနံရံကိုမှီလျက် ထိုင်ရင်းအိပ်ပျော် သွားချိန်ကိုပင်မသိရှိလိုက်ပေ။
*****************
နားအတွင်းသို့ ဆူညံစွာဝင်ရောက်လာသော ကားသံများ၊ ဈေးသည်တို့၏အသံများ၊ လမ်းသွားလမ်းလာများ၏အသံတို့ကြောင့် ထိုသူ၏မျက်လုံးအစုံသည် ဖြေးညှင်းစွာပွင့်ဟ လာလေသည်။ စူးရှသော နေရောင်ခြည်ကြောင့် မျက်လုံးအစုံသည်
...
ဆက်ဖတ်ရန် »
Category:
ဝတ္ထုတို
| Views: 119 | Added by:
NAYMYOHTET
| Date:
2009-07-25
|
Comments (0)
ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ်
ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ် (BOHEMIAN LIFE CYCLE)
ရွေ့ လျားမိုးတိမ် လေနှင်ရာလွင့်ခဲ့လိုက်တာ
ဗန်ဂိုး ရဲ့ ဆိုက်ပရပ်စ် အပင်တွေလိုလို....
ရုပ်ရှင်မြို့ တော်ရဲ့ ဘိုလီဗာ့ဒ် ညလမ်းဘေးလိုလို...
ကာနီဗဲလ် လိုလို...
ရန်ကုန်သင်္ကြန်လိုလို...အို...
ငါ့ရင်ထဲမှာတော့ ငါ့အိပ်မက်တွေကို သိမ်းထားတုန်းပဲ..။
ခံစားမှု အချို့ ကို သိမ်းထားပြီး
အချို့ ကိုငါ....ဗျစ်ရည်နဲ့အတူ
ကမ္ဘာကြီးကို စွန့်ကြဲခဲ့တယ်...
ခေါင်းစဉ်တချို့ တပ်ပြီးတော့ပေါ့...။
ဟိုခြစ် ဒီခြစ် ခဲတံတိုတို
အဆက်မပြတ် ခရီးနှင်ခဲ့
ဖြူလွှလွှ မျက်နှာပြင်ပေါ်...
ပီကာစာ ကိုအားကျမိတဲ့အမှားတွေ
အခုတော့...
ပြင်မရတဲ့အမှားတွေက အမှိုက်ပုံးထဲမှာ၊
ဆေးလိပ်တိုတွေက ငါ့ဘေးမှာ...။
ကျုပ်မုန်းတဲ့ နာရီလက်တံဘ၀တွေ...
ဆီလို ရေလိုဘ၀ ကိုအားကျမိသလိုလို။
နေမ၀င်တဲ့ မြို့ လေးကိုလည်းရောက်ဖူးချင်...
ဂန္တ၀င် ကာဆပ်ဘလန်ခါ ကိုလည်းရောက်ဖူးချင်....
ပင်လယ်ထဲမှာ သင်္ဘောငယ်လေးနဲ့ တစ်ကျွန်းပြီး တစ်ကျွန်း...ပြီးတာ့ တဟီတီ အထိပေါ့...
ရေပူစမ်းထဲမှာ ၀ိုင်ရစ်ပြီး တစ်မှေးလောက်အိပ်ချင်ခဲ့...
အော်ပရာပွဲ ကိုသူမနဲ့အတူကြည့်ချင်တယ်...
ရောမမြို့ ကိုသူမနဲ့လျှောက်လည်ချင်တယ်...
လက်တင်ဂစ်တာ သံစဉ်တွေကြားမှာ သူမရဲ့ နောက်ဆုံးတွဲကဖော် ဖြစ်ချင်တယ်...
ပြီးတော့....ပြီးတော့....ဖြစ်နိုင်ရင် စိတ်ကူးမယဉ်တတ်သူ တစ်ယောက်ဖြစ်ချင်တယ်...
ဒါ တစိတ်တပိုင်းရဲ့ တချို့ တလေ...
အခုတော့... အသွားအလာချို့ တဲ့လွန်းတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ
ကားကြုံထိုင်စောင့်နေတုန်းပဲ...
...
ဆက်ဖတ်ရန် »
Category:
ကဗျာ
| Views: 106 | Added by:
NAYMYOHTET
| Date:
2009-07-24
|
Comments (2)
ဘာမှ..မတတ်နိုင်ဘူး
ဘာမှ..မတတ်နိုင်ဘူး
လမ်းမ တလျှောက်
လမ်းမီးတိုင်တွေ လှပစွာတည်ရှိနေလည်း၊
ခရီးပမ်းနေတဲ့ ခြေထောက်အစုံ၊
ပျော်ရွှင်စွာ မလျှောက်လှမ်းနိုင်လို့
ကျုပ် မပျော်ဘူး။
အ၀ါရောင် လယ်ကွင်းတွေ..၊
အဖြူရောင် နံရံတွေ..၊
အပြာရောင် ကောင်းကင်ကြီး..၊
ညိုညစ်ညစ် လမ်းမတွေ၊
စတဲ့..စတဲ့...ငြိမ်သက်နေတဲ့အရောင်တွေကြားထဲက၊
အရောင်ဆင်တူတွေ လှုပ်ရှားနေကြလို့...၊
ကျုပ် မနှစ်မျိုဘူး။
ဟိုးရှေးရှေးတုန်းက တောက်ပတဲ့ကြယ်ပွင့်တွေကို
ကံ့ကော်ပန်းတို့ ဖူးပွင့်ရာမှာ အများချစ်တဲ့သစ်ပင်ကြီးတစ်ပင်နဲ့
သိပ်လှတဲ့ အဖြူရောင်တံတားလေးက ပါရမီဖြည့်ခဲ့တာပေါ့..။
ခုတော့...
တိတ်ဆိတ်မှုကို တန်ဆာဆင်၊ ညစ်ညမ်းတဲ့နံရံတွေ၊
ခြစားနေတဲ့ စိတ်ဓါတ်တွေနဲ့ အခိုင်အမာဖန်တီးထားတဲ့
ဟိုး..တစ်ဘက်ကမ်း၊
အခိုးအငွေ့ကြားက ရယ်မောသံတွေစုဝေးရာမှာ..
ကျုပ် မနေလိုဘူး။
နေရောင်မပေါက်တဲ့ သစ်ပင်ရိပ်တွေ၊
သင်းပျံ့ နေတဲ့ကံ့ကော်ပန်းရနံ့တွေ၊
ဟိုနားဒီနား ခုံလှလှလေးတွေ၊
ကျေးငှက်တို့ သီချင်းဆိုသံတွေ၊
အလွမ်းတွေ စိမ့်ဝင်နေတဲ့ရေကန်အိုနဲ့
ညဂစ်တာသံတွေ မရှိတဲ့ဒေသအတွက်၊
လွမ်းစရာက နတ္ထိ..။
လရိပ်ပြာရဲ့ အလှကိုခံစားနိုင်စွမ်းမရှိလေတော့..၊
ဟိုသီချင်းထဲက...စာသား၊
မေမြို့ မှာ မိုးခေါင်သွားသလို...ဘာမှမတတ်နိုင်လို့၊
ကျုပ် ရင်နာစွာနဲ့ စိတ်မကောင်းဖြစ်မိတယ်။
Category:
ကဗျာ
| Views: 111 | Added by:
NAYMYOHTET
| Date:
2009-07-03
|
Comments (1)
မဟာ
ကျွန်တော်နားထောင်တိုင်းကြက်သီးတွေထတဲ့ ဇော်ဝင်းထွဋ် ရဲ့ မဟာသီချင်းလေးတွေကို ဝေမျှလိုက်ပါတယ်။
မဟာ ၁ ကိုဒီမှာယူပါ။
မဟာ ၂ ကိုဒီမှာယူပါ။
မဟာ ၃ ကိုဒီမှာယူပါ။
မဟာ ၄ ကိုဒီမှာယူပါ။
မဟာ ၅ ကိုဒီမှာယူပါ။
Category:
ဝေမျှခြင်း
| Views: 168 | Added by:
NAYMYOHTET
| Date:
2009-06-27
|
Comments (0)
စားအုန်းဆီ
စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က ဈေးပေါတော့ စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀၀ ဂရမ်) ထည့်တယ်လို့ ကြားရပါတယ်။
“ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ ဆီစားကြတာ ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။ ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။
မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ (၄၉) ကျပ်သား စားသုံးပါတယ်။ လူဦးရေ (၅၂) သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိဿာပေါင်း (၂၈၅) သန်း၊ တန်အားဖြင့် (၄) သိန်း စားသုံးပါတယ်။
ဆီအဖြစ် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီတို့ကို အဓိက အသုံးပြုရာမှာ ပြည်တွင်းမှာ စားဆီ ၅၀%လောက်ပဲ ထွက်ပြီး ကျန်တဲ့တ၀က်ကို ပြည်ပက တင်သွင်းရပါတယ်။
အဓိက တင်သွင်းတဲ့ နိုင်ငံက မလေးရှားဖြစ်ပြီး သွင်းတဲ့ဆီအမျိုးအစားက စားအုန်းဆီ ဖြစ်ပါတယ်။ တနှစ်ကို တန်ချိန် (၂) သိန်း တင်သွင်းပါတယ်။ ပြည်တွင်းမှာ တနင်္သာရီတိုင်းမှာ ဧက (၂) သိန်းလောက် စိုက်ဖို့ လျာထားတာ (၁) သိန်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆင်ဟွာသတင်းဌာနက ပြီးခဲ့တဲ့လက ရေးပါတယ်။
ဒါပေမယ့် မြန်မာတိုင်းမ်က ၂၀၀၅ ခုနှစ်မှာ ဧက (၇) သောင်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။ မြန်မာတိုင်းမ်အဆိုက အမှန်နဲ့ ပိုနီးစပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ (၁) ဧကကို (၂.၅) တန်ထွက်ရင် ဧက (၇) သောင်းကို တန်ချိန် (၁) သိန်း (၇) သောင်းခွဲ ထွက်ပါတယ်။ မလေးရှားက တနှစ်ကို စားအုန်းဆီ တန် (၂) သိန်း တင်သွင်းတယ်ဆိုတော့ ပြည်တွင်းမှာ စားအုန်းဆီ နှစ်စဉ် တန်ပေါင်း (၃) သိန်း (၇) သောင်းခွဲ စားနေပါတယ်။ ဆင်ဟွာက ပြောတာယူရင် နှစ်စဉ်စားတဲ့ဆီက စားအုန်းဆီချည်းပဲ တန် (၄) သိန်းခွဲ ဖြစ်သွားပါလိမ့်မယ်။
တနှစ်ကို စားအုန်းဆီ တန် (၃) သိန်း (၇) သောင်းခွဲ စားတယ်ဆိုတော့ လိုတဲ့ တန် (၂) သောင်းခွဲက ပဲဆီနဲ့ နှမ်းဆီဖြစ်ဖို့များပါတယ်။ နေကြာဆီ နည်းနည်းပါနိုင်ပါတယ်။
ချုပ်လိုက်ရင် စားအုန်းဆီတွေ ပြည်တွင်းမှာ လှိုင်ဘောလယ်နေပါတယ်။ တန် (၃) သိန်း (၇) သောင်းခွဲကို လူဦးရေ (၅၂) သန်းနဲ့စားရင် လူတယောက်ဟာ တနှစ်ကို စားအုန်းဆီ (၅) ပိဿာနဲ့ (၁၅) ကျပ်သား စားသုံးပါတယ်။
စားအုန်းဆီက ဒီတိုင်းထားရင်း ခဲတယ် ဆိုတာ လူတော်တော်များများ သိပါတယ်။ သူ့ရဲ့ အခဲဖြစ်တဲ့ အပူချိန်က မြင့်ပါတယ်။ (၃၁) နဲ့ (၄၁) ဒီဂရီ စင်တီဂရိတ်ကြားမှာ အခဲဖြစ်ပါတယ်။ ဗမာပြည်မှာ အောက်ပြည်အောက်ရွာနဲ့ အညာမှာ တနှစ်လုံး ပျမ်းမျှအပူချိန်က (၃၀) ဒီဂရီနဲ့ အထက်မှာ ရှိတာဆိုတော့ စားအုန်းဆီခဲဖို့ လွယ်တဲ့နေရာပါ။
စားအုန်းဆီခဲရင် ပျော်သွားအောင် တနေ့ကို နည်းနည်းချင်းစီ အပူပေးရပါတယ်။ အပူသိပ်ပြင်းရင် ဆီထဲက အဆီတွေပျက်သွားလို့ အနံ့ဆိုးသွားပါတယ်။ ဒီတော့ စားအုန်းဆီကို ထိန်းသိမ်းရတာ ခက်ပါတယ်။
အဲဒီတော့ ရောင်းတဲ့လူတွေက အလွယ်လိုက်ပြီး အဆီတွေပျော်အောင် ဆပ်ပြာမှုန့်ရောလိုက်ပုံ ရပါတယ်။
ဆပ်ပြာမှုန့်သွေးလမ်းကြောင်းထဲေ
ရာက်သွားရင် သွေးထဲမှာ အက်ဆစ်ပမာဏများလာတာ၊ အစာလမ်းကြောင်းပေါက်ကုန်တာ၊ အသက်ရှုကျပ်တာ၊ သွေးဖိအားကျတာ၊ လည်ချောင်းယောင်လာတာ၊ ခန္ဓာကိုယ်တွင်းက အင်္ဂါတွေပျက်စီးတာ ဖြစ်တတ်ပါတယ်။
(၂၀၀၉) ခုနှစ် ဇွန်လ ကမ္ဘာ့စားအုန်းဆီပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် စားအုန်းဆီ တစ်တန်ကို အမေရိကန်ဒေါ်လာ (၇၁၄) ဒေါ်လာ ပေါက်ပါတယ်။ ပိဿာနဲ့ပြန်တွက်မယ်ဆို တစ်ပိဿာကို (၉၉) ဆင့်ပဲ ကျပါတယ်။ တစ်ဒေါ်လာပဲ
...
ဆက်ဖတ်ရန် »
Category:
ဝေမျှခြင်း
| Views: 160 | Added by:
NAYMYOHTET
| Date:
2009-06-27
|
Comments (0)
အို...ရွက်လှေ
အို...ရွက်လှေ
မိုးကြီးလေကြီး၊ လှိုင်းကြီးကြားက လှေ၊
ဟိုပြေးဒီပြေး၊ လူးလို့လွန့်လို့...။
သွယ်သွယ်သန်းသန်း၊ ကွေ့ကွေ့ကောက်ကောက်၊
တောင်ရောက်မြောက်ရောက်၊ လွင့်ရင်းမျောရင်း၊
ခိုရာကိုးရာ၊ ဘယ်ဆီဘယ်ဝယ်၊
မုန်းတိုင်းတစ်ခါ၊ ရေ၀ဲတစ်လှည့်၊
ရှောင်ရင်းတိမ်းရင်း၊ နိမ့်လိုက်မြင့်လိုက်၊
လေငြိမ်တစ်ခါ၊ လေတိုက်တစ်လှည့်၊
ရေပြာတစ်ခါ၊ ရေညစ်တစ်လှည့်၊
နေ၀င်တစ်ခါ၊ နေထွက်တစ်လှည့်၊
ပဲ့ကိုင်သောအကျွန့်လက်၊ ရက်အဆက်ဆက်၊
ရင့်ကျက်သောစိတ်တို့ဖြင့်၊ လိုရာခရီး ရောက်ပါရစေ...။
Category:
ကဗျာ
| Views: 147 | Added by:
NAYMYOHTET
| Date:
2009-06-26
|
Comments (0)
အပြာရောင် လွှမ်းမိုးသောည
အပြာရောင် လွှမ်းမိုးသောည
အတောက်ပဆုံးသော မိုးတိမ်တို့စုဝေးရာ
လိမ္မော်ရောင်ဆည်းဆာ ရဲ့ သက်တမ်းကုန်ဆုံးတော့၊
နာရီတို့ ပြုံးပျော်နေချိန်၊ အရှည်ဆုံး ညတာရဲ့
အပြာရောင် အလင်းတန်းများအောက်၊
ဝံပုလွေ တို့ကြီးစိုးရာ ဌာနာ နဲ့အတူ၊
ဖူးပွင့်စ ပန်းပြာလေးများ ဦးညွှတ်နေလေရဲ့ ...။
အေးမြတဲ့ လရောင်အောက်က
ပူလောင်တဲ့ မီးကိုငြှိမ်းသတ်ဖို့၊
သားကောင်တချို့ ၊ အနက်ဆုံးသော
တောရိုင်းတွင်းဥပဒေ ကိုလိုက်နာခဲ့ရပြီ...။
တည်ရာမဲ့ လေညစ်ညမ်းများတိုက်ခတ်မှုကြောင့်၊
အပြာရောင်လမ်းအိုကြီး တလျှောက်
ပွင့်ဖတ်၊ ပွင့်ရွက်တို့ တစ်စစီ ကြွေကျ ပျက်သုဉ်း...၊
နောက်ဆုံး..၊ ပန်တော်ကျပန်းပွင့်များ....၊
ညငှက်တို့ အိပ်တန်းဝင်ချိန်မှာ၊
အပိုင်းအစများ ဖြစ်သွားခဲ့ရပြီ။
Category:
ကဗျာ
| Views: 113 | Added by:
NAYMYOHTET
| Date:
2009-06-22
|
Comments (1)
ဖော်မြူလာမရှိတဲ့ မညီမျှခြင်း
ဖော်မြူလာမရှိတဲ့ မညီမျှခြင်း
အချစ်ဆိုတာ
ညနေစောင်း အင်းယားကန်လား၊
မုန်တိုင်းသင့် ခရေပင်လမ်းလား၊
ညလမ်းမီးတွေနဲ့ ပြည်လမ်းပလက်ဖောင်းလား၊
မီးစွဲနေတဲ့ စနက်တံလား၊
ပင်ကိုယ် စရိုက်ပျောက်တာကိုပြောတာလား၊
မူးပြီး ပေါက်ကွဲတာကိုပြောတာလား၊
မူးပြီး ငိုတာကိုပြောတာလား၊
မူးပြီး ငိုရင်းနဲ့ ပေါက်ကွဲတာကိုပြောတာလား၊
ဘရိုင်ယန်အက်ဒမ် သီချင်းထဲကလို
မလုပ်ဖူးတာတွေ လျှောက်လုပ်နေရတာကိုပြောတာလား...၊
ငါတော့ " ဖော်မြူလာမရှိတဲ့ မညီမျှခြင်း " လို့ပြောမယ်...။
ရိုမန်းတစ်ခ် သိပ်ဆန်ချင်လို့...
အတွေးတွေထဲမှာပဲ မျောရင်း...မျောရင်း...၊
အတွေးတွေက ကိုယ့်ကိုပြန်ခြောက်လှန့်တာကို
အချိန်နဲ့အမျှခံနေရပြီ။
ခဏ...ခဏ...ခဏ...လေးတွေကို ရင်ဘက်ထဲမှာစုနေရင်း
နိဂုံး ဆိုတဲ့စကားလုံး ကိုကောက်ကိုင်မိတယ်....။
ငါက ဦးပုည လိုကဗျာဆရာလူရိုင်းကြီးမဟုတ်တော့၊
" မုဆိုးတစ်ပိုင်း၊ မိန်းမရိုင်းကြီး" လို့မသုံးရက်။
မင်းကိုသနားမိတဲ့ငါ၊
မင်းထက် သနားစရာကောင်းတဲ့ လူတွေရှိမှန်း၊
ငါ့ကို ငါသနားတတ်မှ သိရတယ်...။
လူတစ်ယောက်ကိုတကယ်ချစ်ခဲ့ဖူးတဲ့ငါ...၊
အနုပညာကို သိပ်နှစ်သက်ခံစားတတ်လို့
အနုပညာဆန်ဆန်ခံစား...၊
ခံစားတတ်သလောက် နာကျင်နေရပြီ။
၁၀ ကျပ်သား အချိန်လေးကို
၁၀ ပိဿာအချစ်နဲ့ ချိန်ခွင်ထဲမှာ ထည့်ချိန်တော့၊
ချိန်ခွင်က လှောင်သလိုနဲ့ လျှာထုတ်ပြ၊
မညီရမလားဆိုပြီး ဒေါသထွက်တဲ့ငါ..၊
ကဗျာသိပ်ဆန်ချင်တဲ့ငါ..၊
လေးလုံးစပ် တောင်နားမလည်ပဲ .. အချစ်ကဗျာရေး၊
" အရူး " လို့ ၀ိုင်းပြောမှ ငါ့ကိုယ်ငါ ရူးမှန်းသိရတော့တယ်။
Category:
ကဗျာ
| Views: 112 | Added by:
NAYMYOHTET
| Date:
2009-06-18
|
Comments (1)
«
1
2
3
4
5
6
»
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ
2009 May
2009 June
2009 July
2009 August
2009 September
2009 October
2009 November
2010 October
2010 November
2011 January
2011 March
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)
ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
အစ်မကံကောင်းသူ
အဖြူရောင်မေတ္တာ
ညခင်းရဲ့လမင်း
ကိုရဲဝင့်သူ
ကိုဂျေဂျူဝိုင်
ကိုပန်မြတ်သွင်
ကိုနွယ်ရိုး
အစ်မရွှေပြည်သူ
အစ်မနှင်းဆီနက်
ကိုတေလေ
ကိုခွန်ပအိုဝ်း
ကိုတောင်ပေါ်သား
ကိုမနောသား
Dream
ရွှေမြန်မာ
ကိုလေတံခွန်
ကိုဗညားရှိန်
ကိုအေးချမ်းလေး
ငွန်ငယ်မိုး(ကိုမိုးသွေးငယ်)
ကိုနွေဆူးလင်္ကာ
ကိုချစ်တီး
ကိုမင်းသန့်
မချစ်ကြည်အေး
မမိုးမမ
ကိုဏီလင်းညို
ကိုနေလမင်း
မမိုးထက်အိမ်
ရွေးပါ
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။