ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [43]
ဝတ္ထုတို [2]
ဘာသာရေး [1]
ဝေမျှခြင်း [7]
ရေးမိရေးရာများ [2]
ဓါတ်ပုံမှတ်တမ်း [1]
Tag Post [1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
တစ်ခါတလေဆိုရင် ကျွန်တော်လည်းအိမ်မှာရောလို့မွှေဖြစ်တယ်...
အပျော်တမ်းမွှေထားတာလေးတွေနားထောင်ကြည့်စေချင်ပါတယ်။


မယ်သီတာခိုးတာဘယ်သူလဲ

ရုက္ခစိုး ဆိုတာခင်များလား? 
Category: ဝေမျှခြင်း | Views: 132 | Added by: NAYMYOHTET | Date: 2009-05-26 | Comments (0)


Grand , BE သံပုရာသီး နဲ့
Soju ၊ Myanmar ၊ High Commmissioner
Tiger လေးလည်းပါ
Black နဲ့ Red ကို နှစ်ပတ် စီရော
ရေကိုနည်းနည်းပေါ့
မွှေးသွားအောင်လို့ Spy ကိုထည့်
Gin လည်းမမေ့နဲ့
ပြင်းပြင်းကြိုက်ရင်ကိုယ့်လူရာ
Rum ကိုရောပါဗျာ
Brandy ကြိုက်ရင် Brandy ရော
Vokka ကြိုက်ရင် Vokka ရော
အဲဒါ ကိုယ့်သဘော...
ရေခဲတုံးကို များများထည့်
အေးမှကောင်းတာကွဲ့
တစ်ခါတစ်လေမှ သောက်ကြတာ
အချင်းမများနဲ့ကွာ
သောက်လိုက်ကြစို့ သူငယ်ချင်း
အောက်အီးအီး...ဂွတ်။

မှတ်ချက်။ အတွေးသက်သက်ဖြစ်ပါတယ်။
Category: ကဗျာ | Views: 134 | Added by: NAYMYOHTET | Date: 2009-05-25 | Comments (1)

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမဲ့ နားခိုရာကို တော့ငွေနဲ့ ၀ယ်လို့မရဘူး။

ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမဲ့ အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမဲ့ ပညာကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမဲ့ အသက်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမဲ့ အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမဲ့ လုံခြုံမှုကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမဲ့ အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊
ဒါပေမဲ့ ခံတွင်းလိုက်အောင် ပိုက်ဆံပေးပြီးလုပ်လို့မရဘူး။

ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမဲ့ ကျန်းမာအောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမဲ့ လူရိုသေအောင် ငွေနဲ့လုပ်လို့မရဘူး။

(အတ္တကျော်
)

Category: ကဗျာ | Views: 131 | Added by: NAYMYOHTET | Date: 2009-05-21 | Comments (0)


Vincent Van Gogh သည် လူ့လောကတွင် နေထိုင်သွားခဲ့ရသည်မှာ ၃၇ နှစ်မျှသာဖြစ်သည်။ သူကွယ်လွန်သွားခဲ့သည်မှာ နှစ်ပေါင်း ၁၁၀ နီးပါးရှိခဲ့ပြီဖြစ်သော်လည်း သူ့နာမည်သည် ယခုထိအသေသေး၊ ယနေ့ခေတ် ကာလအထိသူ့နာမည်သည် လူအများ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေဆဲ ၊ သူ့ပေါ်စိတ်ဝင်စားမှုများမှာလည်း လျော့နည်းသွားသည်ဟုမရှိပါ။ သူအသက်ရှင်နေသော အနှစ်၃၀ ကျော်ကာလအတွင်း သူလုပ်ခဲ့သမျှ ဘာတစ်ခုမှ မအောင်မြင်ခဲ့ပါ။ အရှုံး နှင့်သာရင်ဆိုင်ခဲ့ရသည်။ သူသည် ရှေးဦးစွာ ပန်းချီကားအရောင်းဆိုင်တွင် အရောင်းစာရေး၊ စာအုပ်အရောင်းဆိုင်စာရေး၊ ထို့နောက် ဓမ္မဆရာ နှင့် ပန်းချီဆရာဘ၀တွင်လည်း အောင်မြင်မှုမရခဲ့ပါ။ သူ၏ ပန်းချီကားများကို တစ်ဦးတစ်ယောက်ကပင် ကြည့်မည့်သူမရှိ။ သူ့ပန်းချီကားများအား ပြက်ရယ်ပြုခဲ့ကြသည်။ သို့ရာတွင် သူသည် ကွယ်လွန်ချိန်အထိ ပန်းချီအလုပ်တွင် ဇောက်ချပြီး ဇွဲကြီးစွာ လုပ်ကိုင်သွားခဲ့သည်။ သူကွယ်လွန်ပြီးသောအခါ တစ်ကမ္ဘာလုံးက အံ့သြချီကျူးနေရသည့် သန်းကျော်ပန်းချီကားများဖြစ်လာခဲ့သည်။ သူ၏ ပန်းချီကားများထဲမှ ပျိုးကြဲသူ (The Sower)၊ပန်းနေကြာ (The Sun-flowers)၊ ကြယ်ရောင်လင်းသည့်ည (The Starlit Night) ၊ ဖူးပွင့်နေကြသည့်သစ်သီးခြံများ (Blooming Orchards)၊ အာလူးစားသူများ (The Potato Eaters)၊ ဂျုံခင်းများထဲမှ ကျီကန်းများ (Crows in the Wheat Fields)၊ ဆိုက်ပရပ်(စ်)ပင်များ (The Cypresses) နှင့် ညလုံးပေါက်ကဖေး (The Night Cafe) တို့မှာလူသိများသောပန်းချီကားများဖြစ်ကြသည်။
"အာလူးစားသူများ (The Potato Eaters)" ပန်းချီကားသည် သူ၏ထူးခြားပြောင်မြောက်သော ပထမဆုံးလက်ရာဖြစ်သည်။ ထိုကားတွင် သူသည်အရောင်စမ်းသပ်မှုနှင့်ပတ်သတ်၍ အောင်မြင်မှုကိုရရှိခဲ့သည်။ အနက်ရောင်နှင့်အညိုရောင်များကို အများဆုံးသုံးထားပါသည်။ ပင်ကိုယ်အရောင်များကိုမသုံးထားပါ။ အနီ၊အ၀ါ နှင့် အပြာရောင်တို့ကို ပေါင်းစပ်ရေးစွဲထားခြင်းဖြစ်ပါသည်။ အရိပ်များ ပင်လျှင်အရောင်များရှိနေပါသည်။ အရောင်အားလုံးသည် အားမာန်နှင့် အာရုံခံစားမှုကိုပေးစေသည်။ Vincent ၏အရောင်များအပေါ်လွှမ်းမိုးနိုင်ခြင်းသည် ၁၈၈၃ ခုနှစ်နောက်ပိုင်းကာလနှင့် ၁၈၈၄ခုနှစ် အတွင်းတွင် အရှိန်ပိုတက်လာခဲ့သည်။ သူ၏ အမြင်အာရုံ သည်ဘယ်လိုပေါ်ထွက်လာသလဲ ဆိုသည်မှာ လျှို့  ၀ှက်ချက်တစ်ခုဖြစ်နေသည်။ သူ့ ပါရမီ၏မူလအစကို လိုက်လံရှာဖွေသောအခါ လမ်းစပျောက်နေပါသည်။ သူ၏ ထူးခြားသောအစွမ်းအစများနှင့်ပတ်သက်၍ ရိုးရာဗီဇက ဆက်ခံရရှိခဲ့သော စွမ်းရည်နှင့် အများက လက်ခံထားသောအမှန်တရားတို့ကို စိန်ခေါ်ရဲသည့် သတ္တိ ပေါင်းစပ်မိပြီး အရောင်အသွေးအပြန်အလှန်ဆက်စပ်ယှက်နွယ်မှုကို အလိုအလျောက်ထိုးထွင်းသိမြင်သည့် ပင်ကို ဥာဏ်သွေး နှင့်တွဲမိကာဖြစ်ပေါ်လာခြင်းဖြစ်ပုံရသည်။ သူသည် အလုပ်နှင့် မိသားစုတာဝန်များကိုယူထားရသူမဟုတ်ပါ။ အချိန်တိုင်းအားလပ်နေသူတစ်ယောက်ဖြစ်သောကြောင့် ကျွမ်းကျင်မှုများကိုပိုမို၍ ကျွမ်းကျင်လာအောင်စွဲစွဲမြဲမြဲလုပ်နိုင်နေသူဖြစ်သည်။
ဝမ်းနည်းမှုများ၊ စိတ်ချောက်ချားမှုများ နှင့် ... ဆက်ဖတ်ရန် »
Category: ရေးမိရေးရာများ | Views: 775 | Added by: NAYMYOHTET | Date: 2009-05-20 | Comments (0)



တွေဆို လေပြေခေါ်ဆောင်ရာ
ရွက်လွင့်နေတဲ့ အတွေးတွေနဲ့
ဆူညံတဲ့နာရီစက္ကန့်သံကြားမှာ
အိပ်စက်နေတဲ့သူတစ်ယောက်ကို
လွမ်းလေ့ရှိတယ်...။
နာရီသံတွေနဲ့ လမ်းမီးတွေ
အေးမြတဲ့လေညင်းတွေ နဲ့ လူခြေမဲ့လမ်းတွေက
သန်းခေါင်ကျော်ည ရဲ့ အလွမ်းကို
ပံ့ပိုးလေ့ရှိတယ်...။
ဖြာကျနေတဲ့ လရောင်၊
Guitar အိုတစ်လက် နဲ့
သီချင်းတစ်ပုဒ် ရဲ့ ပေါင်းစည်းမှုဟာ
ခံစားချက်တွေကို မျက်ရည်အဖြစ်
ပြောင်းလဲပစ်လေ့ရှိတယ်...။
သာနေတဲ့လ လို အမြဲမရှိတဲ့
ပျော်စရာနေ့ရက်တွေ နဲ့
အချစ်ဗန်းစကားတွေ အတွက်
မျှော်လင့်သောနေ့ တွေဖြစ်ပေါ်လေ့ရှိတယ်...။
မျှော်လင့်သောနေ့ တွေအတွက်
ငါ့ညအလွမ်းတွေဖြစ်ပေါ်လေ့ရှိတယ်...။

မှတ်ချက်။ ။ ပုံကို Google မှကူးယူထားတာပါ။
Category: ကဗျာ | Views: 141 | Added by: NAYMYOHTET | Date: 2009-05-16 | Comments (0)

There is no indispensable man.
မရှိမဇြစ်သော သူမရှိ။

There is always someone worse off than yourself.
သင့်ထက်အခြေအနေပိုဆိုးသော သူတစ်ယောက်အမြဲရှိသည်။

Everybody is brave in time of peace.
ငြိမ်းချမ်းသော ကာလတွင် လူတိုင်းသတ္တိ ရှိကြသည်။

Life is not like it is in books.
လူ့ဘ၀သည် စာအုပ်များထဲတွင် ပါသည်နှင့်မတူပါ။

Today is the first day of the rest of your life.
ဒီနေ့ သည် ကျန်သော သင့်ဘ၀ အစိတ်အပိုင်း၏ ပထမဆုံးနေ့ ဖြစ်သည်။

Imitation is the sincerest flattery.
တုပခြင်းသည် အရိုးသားဆုံးသော မြှောက်ပင့်ခြင်းပင်။

Even the devil can cite scriptures.
နတ်ဆိုးသည်ပင်လျှင် ကျမ်းစာများကို ရွတ်ဖတ်တတ်သည်။

Love sees no faults.
အချစ်ဝင်က အပြစ်မမြင်။

The difficulty in life is the choice.
လူ့ဘ၀တွင် ခက်ခဲသည်မှာ ရွေးချယ်ရခြင်းဇြစ်သည်။

The best way to a man's heart is through the stomach.
လူတစ်ယောက်၏ နှလုံးသားသို့ရောက်ရှိနိုင်သည့် အကောင်းဆုံးလမ်းမှာ အစာအိမ်မှ တစ်ဆင့်ဇြစ်သည်။

Money speaks in a language all nations understand.
ငွေသည် နိုင်ငံအားလုံး နားလည်သော ဘာသာစကားကို ပြောတတ်သည်။

Love is the wisdom of the fool and the folly of the wise.
အချစ်သည် မိုက်မဲသူတို့၏ ပညာဥာဏ်အမျှော်အမြင် ဖြစ်ပြီး ပညာဥာဏ်အမျှော်အမြင်ရှိသူတို့၏ မိုက်မဲမှု ဖြစ်သည်။

Too much humility is pride.
နှိမ့်ချလွန်းခြင်းသည် ပင်လျှင် မာန်မာနရှိခြင်းဖြစ်သည်။

The less people think, the more they talk.
တွေးတောဆင်ခြင်မှု နဲလေလေ စကားပိုပြောလေလေ။

Beautiful flowers are soon picked.
လှသောပန်းများ အဦးဆုံး အခူးခံရသည်။

Happiness is no laughing matter.
ပျော်ရွှင်မှု သည် ရယ်စရာမဟုတ်ပါ။

The more one knows, the less one believes.
ပိုသိလေလေ ယုံကြည်မှုပို လျော့လေလေ။

Beauty and brain not go together.
အလှနှင့် အသိဥာဏ် အတူယှဉ်တွဲ တွေ့ရခဲသည်။

Speak the truth and run!
အမှန်တရားကို ပြောပြီးလျှင် ပြေးပါ။

Beauty is a short-lived reign.
အလှအပ ဆိုသည်မှာ ခဏမျှသာ လွှမ်းမိုးနိုင်စွမ်းရှိခြင်းပါ။

Many are called but few are chosen.
အခေါ်ခံရတာ တော့ အများကြီးပါ။ ဒါပေမဲ့ အနည်းငယ်သာ အရွေးခံရတာပါ။

Whispered words are heard after.
တိုးတိုးပြောသော စကားများကို ဝေးဝေးမှကြားရတတ်သည်။

Barking of the dog cannot move the mountain.
ခွေးဟောင် လို့ တောင်မရွေ့။

Better be the head of the dog than the tail of the lion.
ခြင်္သေ့တစ်ကောင်၏ အမြီးဖြစ်ရခြင်းထက် ခွေးတစ်ကောင်၏ ဦးခေါင်းဖြစ်ရခြင်းက ပိုကောင်းသည်။

life is a foreign language: all men mispronounce it.
ဘ၀ဆိုတာ နိုင်ငံခြားဘာသာစကား တစ်ခုပါ။ လူတိုင်းဟာ အသံထွက် မှားကြတာပါဘဲ။

Philosophy is the highest music.
ဒဿနိကဗေဒ သည် အမြင့်ဆုံးသော တေးဂီတဖြစ်သည်။


Category: ရေးမိရေးရာများ | Views: 143 | Added by: NAYMYOHTET | Date: 2009-05-11 | Comments (0)


ရာသီစက်ဝိုင်း တစ်ပတ်လည်
နှစ်ပတ်လည် တစ်ခုရောက်ခဲ့ပြီ....
ဖြစ်သမျှအကြောင်း အကောင်းဆိုပေမဲ့
နေတတ်ကျေနပ်နိုင်ဖို့
ရိုးသားစွာ ကြိုးစားနေဆဲ။

အကွဲကွဲ အပြဲပြဲနဲ့
မကျက်သေးတဲ့ ရင်ထဲက အနာဟောင်း
ကုစားမဲ့ အချိန်တွေက ပြန်နှိပ်စက်နေလေပြီ...။

မှုန်ဝါးဝါး ဓါတ်ပုံသေးသေးလေး ၊
ခြောက်ကပ်နေတဲ့ သစ်ရွက်တစ်ရွက် ၊
အသုံးမ၀င်တဲ့ ခံစားချက်တွေ အပြည့်နဲ့
စာအုပ်တစ်အုပ်...ဒါတွေငါနဲ့ အမြဲ
ဘာဖြစ်လို့ရှိနေသေးတာလဲ...။

လျှောက်ခဲ့ကြတဲ့လမ်းတွေ အလွမ်းတွေနဲ့
ယာဉ်ကြောတွေပိတ်နေလေရဲ့
မှတ်တိုင်အိုလေး သနားစရာ...။

နေပူပူ သွေးဆူဆူ
ချွေးဒီးဒီး ကျတဲ့ကြားက
အပြုံးတွေနဲ့ စီးနင်းခဲ့ကြတဲ့
Bus... ။

ခဏလေးလား အကြာကြီးလား
ဇာတ်လမ်းတိုလား ဒရမ်မာလား
ပြီးသွားပြီလား အပိုင်းနဲ့လား...။


မှတ်ချက်။ ။ ပုံကို Google မှကူးယူထားတာပါ။
Category: ကဗျာ | Views: 130 | Added by: NAYMYOHTET | Date: 2009-05-10 | Comments (0)


လွမ်းဆွတ်ခြင်းအညစ်ကြေးတွေကို

ခြားနားခြင်း ပင်လယ်ထဲကရေတွေနဲ့ဆေးကြောပြီး

ပြည်တော်သစ်ဆီ ဆက်ဆက်လာခဲ့မယ်...

ငါ့ရဲ့စံတော်ချိန်ကိုရိုက်ချိုး

မျှော်လင့်ခြင်း အိပ်မက်တွေအပြည့်တင်လာတဲ့

ယာဉ်ပျံကြီး စီးခဲ့မယ်...

ပြည်တော်သစ်ရဲ့ လိမ္မော်ချိန်မှာစောင့်နေ။


မှတ်ချက်။ ။ ပုံကို Google မှကူးယူထားတာပါ။

Category: ကဗျာ | Views: 107 | Added by: NAYMYOHTET | Date: 2009-05-10 | Comments (0)

« 1 2 3 4 5 6
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ

ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)





ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com




အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ




လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။