![](../brid.jpg)
လွမ်းဆွတ်ခြင်းအညစ်ကြေးတွေကို
ခြားနားခြင်း ပင်လယ်ထဲကရေတွေနဲ့ဆေးကြောပြီး
ပြည်တော်သစ်ဆီ ဆက်ဆက်လာခဲ့မယ်...
ငါ့ရဲ့စံတော်ချိန်ကိုရိုက်ချိုး
မျှော်လင့်ခြင်း အိပ်မက်တွေအပြည့်တင်လာတဲ့
ယာဉ်ပျံကြီး စီးခဲ့မယ်...
ပြည်တော်သစ်ရဲ့ လိမ္မော်ချိန်မှာစောင့်နေ။
မှတ်ချက်။ ။ ပုံကို Google မှကူးယူထားတာပါ။