Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [32]
ဝတ္ထုတို [0]
ဓါတ်ပုံမှတ်တမ်း [0]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » 2009 » July » 03
ဘာမှ..မတတ်နိုင်ဘူး

လမ်းမ တလျှောက်
လမ်းမီးတိုင်တွေ လှပစွာတည်ရှိနေလည်း၊
ခရီးပမ်းနေတဲ့ ခြေထောက်အစုံ၊
ပျော်ရွှင်စွာ မလျှောက်လှမ်းနိုင်လို့
ကျုပ် မပျော်ဘူး။

အ၀ါရောင် လယ်ကွင်းတွေ..၊
အဖြူရောင် နံရံတွေ..၊
အပြာရောင် ကောင်းကင်ကြီး..၊
ညိုညစ်ညစ် လမ်းမတွေ၊
စတဲ့..စတဲ့...ငြိမ်သက်နေတဲ့အရောင်တွေကြားထဲက၊
အရောင်ဆင်တူတွေ လှုပ်ရှားနေကြလို့...၊
ကျုပ် မနှစ်မျိုဘူး။

ဟိုးရှေးရှေးတုန်းက တောက်ပတဲ့ကြယ်ပွင့်တွေကို
ကံ့ကော်ပန်းတို့ ဖူးပွင့်ရာမှာ အများချစ်တဲ့သစ်ပင်ကြီးတစ်ပင်နဲ့
သိပ်လှတဲ့ အဖြူရောင်တံတားလေးက ပါရမီဖြည့်ခဲ့တာပေါ့..။
ခုတော့...
တိတ်ဆိတ်မှုကို တန်ဆာဆင်၊ ညစ်ညမ်းတဲ့နံရံတွေ၊
ခြစားနေတဲ့ စိတ်ဓါတ်တွေနဲ့ အခိုင်အမာဖန်တီးထားတဲ့
ဟိုး..တစ်ဘက်ကမ်း၊
အခိုးအငွေ့ကြားက ရယ်မောသံတွေစုဝေးရာမှာ..
ကျုပ် မနေလိုဘူး။

နေရောင်မပေါက်တဲ့ သစ်ပင်ရိပ်တွေ၊
သင်းပျံ့  နေတဲ့ကံ့ကော်ပန်းရနံ့တွေ၊
ဟိုနားဒီနား ခုံလှလှလေးတွေ၊
ကျေးငှက်တို့ သီချင်းဆိုသံတွေ၊
အလွမ်းတွေ စိမ့်ဝင်နေတဲ့ရေကန်အိုနဲ့
ညဂစ်တာသံတွေ မရှိတဲ့ဒေသအတွက်၊
လွမ်းစရာက နတ္ထိ..။
လရိပ်ပြာရဲ့  အလှကိုခံစားနိုင်စွမ်းမရှိလေတော့..၊
ဟိုသီချင်းထဲက...စာသား၊
မေမြို့  မှာ မိုးခေါင်သွားသလို...ဘာမှမတတ်နိုင်လို့၊
ကျုပ် ရင်နာစွာနဲ့ စိတ်မကောင်းဖြစ်မိတယ်။

Category: ကဗျာ | Views: 536 | Added by: NAYMYOHTET | Date: 2009-07-03 | Comments (1)

ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ















လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။