| အကြောင်းအရာ |
 |
| | |
 |
| တူရာတူရာအစုများ |
 |
| | |
 |
| အိမ်ထဲမှာ |
 |
|
ယောက်စာဖတ်နေပါတယ် | |
 |
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
|
 |  |  |
| Main » 2009 » May » 29

မင်းနဲ့ငါ အဖြူရောင်နယ်မြေမှာ ဆုံခဲ့ကြတယ်နော်တန်ဖိုးထားရတဲ့ ကိန်းဂဏန်းမဲ့ အမှတ်တရတွေနဲ့...။ဒါတွေ မင်းမှတ်မိမှာမဟုတ်ပါဘူး...ပြဇာတ်မှ မဆန်ခဲ့တာ။ ရုပ်ရှင်ရုံတွေ၊ အင်းယားကန်၊ မီးရောင်မှိန်မှိန် ကဖေးတွေ နဲ့မသက်ဆိုင်ခဲ့ဘူးလေ...။ဒါပေမယ့်ငါတော့ ရှယ်လီရဲ့ အချစ်ကဗျာတစ်ပုဒ်ထဲ နစ်မျောခဲ့မိတယ်...။အန်ညာ ရဲ့ သီချင်းတွေနားထောင်ရင်း...၊ပဉ္စလက် တဒင်္ဂတွေကို စုစည်းနေမိတယ်...။ဒါတွေ မင်းနားလည်မှာမဟုတ်ပါဘူး၊မင်းမှာ ခံစားချက်မှမရှိခဲ့တာ။ရင်တွေတော့ ပူနေတုန်းဘဲ...မင်းကြောင့်သောက်ခဲ့မိတဲ့ အပေါစားအရက်တွေကြောင့်ဖြစ်မှာပါ။ခုတော့ ငါ့စိတ်ကူး အပိုင်းအစတွေကိုစုပြီးဘီဒိုထဲထည့် သော့ခတ်ထားလိုက်တယ်။ဆည်းဆာရဲ့ ရှူခင်းကိုမင်းနဲ့တူတူ ဆေးချယ်မယ်လုပ်မှမင်းရဲ့ ပြည်တော်သစ်မှာတစ်နာရီခွဲ စောပြီးနေ၀င်သွားလို့...။ ။
|
|
| |
 |  |  |
|
| ရှာရန် |
 |
| | |
 |
| ရေးပြီးတာလေးတွေ |
 |
| | |
 |
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)

ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
|