Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [32]
ဝတ္ထုတို [0]
ဓါတ်ပုံမှတ်တမ်း [0]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » 2009 » June » 16 » ကားမှတ်တိုင် ရဲ့ ရင်ဖွင့်စကား
ကားမှတ်တိုင် ရဲ့ ရင်ဖွင့်စကား
11:58 AM
ကားမှတ်တိုင် ရဲ့  ရင်ဖွင့်စကား

အချို့  တွေက ငါ့ဆီဝတ္တရားအရရောက်လာကြတယ်။
အချို့  တွေက ငါ့ဆီကို အနီးဆုံးဖြစ်လို့လာကြတယ်။
အချို့  တွေက ငါ့ဆီလာပြီး အခြားသူတွေကိုစောင့်ကြတယ်။
အချို့  တွေက ငါ့ဆီမှာ မိုးဝင်ခိုကြတယ်။
အချို့  တွေက ငါ့ခုံပေါ်မှာထိုင်ပြီး ငါ့ထိုင်ခုံကိုဖျက်ဆီးခဲ့ကြတယ်။
အချို့  တွေက ငါ့ဆီမှာ ကြော်ငြာတွေလာကပ်ကြတယ်။
အချို့  တွေက ငါ့ဆီမှာ မူးပြီးအန်သွားကြတယ်။
အချို့  တွေက ငါ့တိုင်တွေကို ကွမ်းတံတွေးနဲ့ထွေးသွားကြတယ်။
အချို့  တွေက ငါ့ဆီမှာ လာပြီးစီးပွားရေးလုပ်ကြတယ်။
အချို့  ကလေးတွေကို ငါ့ရင်ခွင်ထဲမှာ ညအိပ်စေတယ်။
အချို့  အချစ်ဇာတ်လမ်းတွေထဲမှာ ငါလည်းပါတယ်။
အချို့  တွေက ငါ့ကိုသီချင်းတွေ၊ ၀တ္ထုတွေထဲမှာ ထည့်ရေးကြတယ်။
အချို့  တွေအတွက် ငါဟာ ဇရပ်လည်းဖြစ်သလို အိမ်လည်းဖြစ်တယ်။
အားလုံးအတွက် ငါဟာထွက်ခွါရာ စုရပ်ဖြစ်တယ်။
အားလုံးက ငါကိုသူတို့လိုရာ သုံးကြတယ်။
အားလုံးက ဖြစ်နိုင်ရင် ငါ့ဆီကိုတောင်မလာချင်ကြဘူး။
အားလုံးက ငါ့ကိုထားခဲ့ဖို့ ငါ့ဆီရောက်လာကြတယ်။
အားလုံးက ငါ့ဆီကို ရောက်ပြီးရင် အမြန်ဆုံးထွက်ခွါဖို့ကြိုးစားကြတယ်။
အားလုံးအတွက် ငါဟာပန်းတိုင်မဟုတ်လို့...၊ မှတ်တိုင်သာဖြစ်တယ်။




Category: ကဗျာ | Views: 293 | Added by: NAYMYOHTET | Rating: 4.0/1 |
Total comments: 2
2  
ကဗျာလာ ဘာလားတော့ မသိပေမယ့် စာရဲ့ဆိုလိုရင်းကို တော်တော်လေး ကို သဘောကြတယ် သူငယ်ချင်း ကြိုးစားပါသူငယ်ချင်း စာရေးဆရာ ဖြစ်အောင် ဖြစ်တောင်နေပြီလား မသိဘူး

1  
ဖတ်လို့ကောင်းတယ်

Name *:
Email *:
Code *:
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ















လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။