| အကြောင်းအရာ |
 |
| | |
 |
| တူရာတူရာအစုများ |
 |
| | |
 |
| အိမ်ထဲမှာ |
 |
|
ယောက်စာဖတ်နေပါတယ် | |
 |
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
|
 |  |  |
| Main » 2009 » August » 21
 စက်ဝိုင်း ပြင်ပ
အရူးနဲ့အကန်း ဦးဆောင်မောင်းနှင် လောဘ၊ ဒေါသ၊ မောဟ လောင်စာအပြည့်နဲ့ ၃၁မြို့ ပတ်ရထားကြီး၊ ပျော်ပျော်စီးခဲ့ကြတာ မရဏဘူတာရုံ ဘယ်နှခေါက်ဖြတ်ခဲ့ပြီလဲ။
အပ်နှစ်စင်း ထိပ်ချင်းထိတဲ့နေ့ ရထားကြီး၊ ငါ့ဇာတိမြို့ ကိုဆိုက်ခဲ့တုန်းက သုညတစ်လုံးကောက်ရ၊ ဒုက္ခဘက်တော်သားတွေက ခရီးဦးကြိုပြုခဲ့ကြလေတယ်။
ဘူတာရုံထဲလည်းရောက်... ဥာဏ်မျက်မှန် ထုတ်အတပ် ဗြုန်းကနဲ... အားလုံးပျောက်..! သူတို့လည်းမရှိ၊ ဘူတာလည်းမရှိ ရထားလည်းမရှိ၊ ငါ ကိုယ်တိုင်လည်း ပျောက်နေပါရောလား...။
မှန်လေးချက်ကို မမြင်နိုင်ခင် ပုံရိပ်ယောင်တွေကို တကယ်ထင်ခဲ့လို့ မှားတဲ့အခါလည်း မှားခဲ့သလို မှန်တဲ့အခါလည်း ခါးခဲ့ရ။
အမှား၊ အမှန် ငြင်းခုန်ကြရင်း ဓါး၊ လှံ ကိုင်ပြီး သွေးချောင်းများစွာ သမိုင်းစာအုပ်တွေထဲမှာကြည့်။
ခုတော့ ရထားပြောင်း၊ (၈)တွဲပါ အမြန်ရထား အဟောင်းအသစ်၊ အဖြစ်အပျက်မရှိတဲ့ ငြိမ်းချမ်းရေးခရီးစဉ် သူငယ်ချင်း... မင်းလိုက်မှာလား ရထားကြီးထွက်တော့မယ်...။
|
|
| |
 |  |  |
|
| ရှာရန် |
 |
| | |
 |
| ရေးပြီးတာလေးတွေ |
 |
| | |
 |
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)

ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
|