ကဗျာ - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
Main My profile Registration Log out Login






အကြောင်းအရာ
တူရာတူရာအစုများ
ကဗျာ [43]
ဝတ္ထုတို [2]
ဘာသာရေး [1]
ဝေမျှခြင်း [7]
ရေးမိရေးရာများ [2]
ဓါတ်ပုံမှတ်တမ်း [1]
Tag Post [1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်


မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်


ဧည့်သည်တော် စုစုပေါင်း

Share
Main » ကဗျာ

အပြာရောင် လွှမ်းမိုးသောည


အတောက်ပဆုံးသော မိုးတိမ်တို့စုဝေးရာ

လိမ္မော်ရောင်ဆည်းဆာ ရဲ့  သက်တမ်းကုန်ဆုံးတော့၊
နာရီတို့ ပြုံးပျော်နေချိန်၊ အရှည်ဆုံး ညတာရဲ့
အပြာရောင် အလင်းတန်းများအောက်၊
ဝံပုလွေ တို့ကြီးစိုးရာ ဌာနာ နဲ့အတူ၊
ဖူးပွင့်စ ပန်းပြာလေးများ ဦးညွှတ်နေလေရဲ့   ...။
အေးမြတဲ့ လရောင်အောက်က
ပူလောင်တဲ့ မီးကိုငြှိမ်းသတ်ဖို့၊
သားကောင်တချို့  ၊ အနက်ဆုံးသော
တောရိုင်းတွင်းဥပဒေ ကိုလိုက်နာခဲ့ရပြီ...။
တည်ရာမဲ့ လေညစ်ညမ်းများတိုက်ခတ်မှုကြောင့်၊
အပြာရောင်လမ်းအိုကြီး တလျှောက်
ပွင့်ဖတ်၊ ပွင့်ရွက်တို့ တစ်စစီ ကြွေကျ ပျက်သုဉ်း...၊
နောက်ဆုံး..၊ ပန်တော်ကျပန်းပွင့်များ....၊
ညငှက်တို့ အိပ်တန်းဝင်ချိန်မှာ၊
အပိုင်းအစများ ဖြစ်သွားခဲ့ရပြီ။
Category: ကဗျာ | Views: 125 | Added by: NAYMYOHTET | Date: 2009-06-22 | Comments (1)


ဖော်မြူလာမရှိတဲ့ မညီမျှခြင်း


အချစ်ဆိုတာ
ညနေစောင်း အင်းယားကန်လား၊
မုန်တိုင်းသင့် ခရေပင်လမ်းလား၊
ညလမ်းမီးတွေနဲ့ ပြည်လမ်းပလက်ဖောင်းလား၊
မီးစွဲနေတဲ့ စနက်တံလား၊
ပင်ကိုယ် စရိုက်ပျောက်တာကိုပြောတာလား၊
မူးပြီး ပေါက်ကွဲတာကိုပြောတာလား၊
မူးပြီး ငိုတာကိုပြောတာလား၊
မူးပြီး ငိုရင်းနဲ့ ပေါက်ကွဲတာကိုပြောတာလား၊
ဘရိုင်ယန်အက်ဒမ် သီချင်းထဲကလို
မလုပ်ဖူးတာတွေ လျှောက်လုပ်နေရတာကိုပြောတာလား...၊
ငါတော့ " ဖော်မြူလာမရှိတဲ့ မညီမျှခြင်း " လို့ပြောမယ်...။
ရိုမန်းတစ်ခ် သိပ်ဆန်ချင်လို့...
အတွေးတွေထဲမှာပဲ မျောရင်း...မျောရင်း...၊
အတွေးတွေက ကိုယ့်ကိုပြန်ခြောက်လှန့်တာကို
အချိန်နဲ့အမျှခံနေရပြီ။
ခဏ...ခဏ...ခဏ...လေးတွေကို ရင်ဘက်ထဲမှာစုနေရင်း
နိဂုံး ဆိုတဲ့စကားလုံး ကိုကောက်ကိုင်မိတယ်....။
ငါက ဦးပုည လိုကဗျာဆရာလူရိုင်းကြီးမဟုတ်တော့၊
" မုဆိုးတစ်ပိုင်း၊ မိန်းမရိုင်းကြီး" လို့မသုံးရက်။
မင်းကိုသနားမိတဲ့ငါ၊
မင်းထက် သနားစရာကောင်းတဲ့ လူတွေရှိမှန်း၊
ငါ့ကို ငါသနားတတ်မှ သိရတယ်...။
လူတစ်ယောက်ကိုတကယ်ချစ်ခဲ့ဖူးတဲ့ငါ...၊
အနုပညာကို သိပ်နှစ်သက်ခံစားတတ်လို့
အနုပညာဆန်ဆန်ခံစား...၊
ခံစားတတ်သလောက် နာကျင်နေရပြီ။
၁၀ ကျပ်သား အချိန်လေးကို
၁၀ ပိဿာအချစ်နဲ့ ချိန်ခွင်ထဲမှာ ထည့်ချိန်တော့၊
ချိန်ခွင်က လှောင်သလိုနဲ့ လျှာထုတ်ပြ၊
မညီရမလားဆိုပြီး ဒေါသထွက်တဲ့ငါ..၊
ကဗျာသိပ်ဆန်ချင်တဲ့ငါ..၊
လေးလုံးစပ် တောင်နားမလည်ပဲ .. အချစ်ကဗျာရေး၊
" အရူး " လို့ ၀ိုင်းပြောမှ ငါ့ကိုယ်ငါ ရူးမှန်းသိရတော့တယ်။
Category: ကဗျာ | Views: 128 | Added by: NAYMYOHTET | Date: 2009-06-18 | Comments (1)

ကားမှတ်တိုင် ရဲ့  ရင်ဖွင့်စကား

အချို့  တွေက ငါ့ဆီဝတ္တရားအရရောက်လာကြတယ်။
အချို့  တွေက ငါ့ဆီကို အနီးဆုံးဖြစ်လို့လာကြတယ်။
အချို့  တွေက ငါ့ဆီလာပြီး အခြားသူတွေကိုစောင့်ကြတယ်။
အချို့  တွေက ငါ့ဆီမှာ မိုးဝင်ခိုကြတယ်။
အချို့  တွေက ငါ့ခုံပေါ်မှာထိုင်ပြီး ငါ့ထိုင်ခုံကိုဖျက်ဆီးခဲ့ကြတယ်။
အချို့  တွေက ငါ့ဆီမှာ ကြော်ငြာတွေလာကပ်ကြတယ်။
အချို့  တွေက ငါ့ဆီမှာ မူးပြီးအန်သွားကြတယ်။
အချို့  တွေက ငါ့တိုင်တွေကို ကွမ်းတံတွေးနဲ့ထွေးသွားကြတယ်။
အချို့  တွေက ငါ့ဆီမှာ လာပြီးစီးပွားရေးလုပ်ကြတယ်။
အချို့  ကလေးတွေကို ငါ့ရင်ခွင်ထဲမှာ ညအိပ်စေတယ်။
အချို့  အချစ်ဇာတ်လမ်းတွေထဲမှာ ငါလည်းပါတယ်။
အချို့  တွေက ငါ့ကိုသီချင်းတွေ၊ ၀တ္ထုတွေထဲမှာ ထည့်ရေးကြတယ်။
အချို့  တွေအတွက် ငါဟာ ဇရပ်လည်းဖြစ်သလို အိမ်လည်းဖြစ်တယ်။
အားလုံးအတွက် ငါဟာထွက်ခွါရာ စုရပ်ဖြစ်တယ်။
အားလုံးက ငါကိုသူတို့လိုရာ သုံးကြတယ်။
အားလုံးက ဖြစ်နိုင်ရင် ငါ့ဆီကိုတောင်မလာချင်ကြဘူး။
အားလုံးက ငါ့ကိုထားခဲ့ဖို့ ငါ့ဆီရောက်လာကြတယ်။
အားလုံးက ငါ့ဆီကို ရောက်ပြီးရင် အမြန်ဆုံးထွက်ခွါဖို့ကြိုးစားကြတယ်။
အားလုံးအတွက် ငါဟာပန်းတိုင်မဟုတ်လို့...၊ မှတ်တိုင်သာဖြစ်တယ်။




Category: ကဗျာ | Views: 133 | Added by: NAYMYOHTET | Date: 2009-06-16 | Comments (2)


လောက ဒဏ်

သင်ပုန်းကြီးဖတ်စာ ဆိုတာ၊

တစ်နေ့တာဆာလောင်မှုကို
မဖြည့်စွမ်းနိုင်တော့...
ကျောင်းဆိုတာ၊
အဆောက်အဦကြီး ဆိုတာကလွဲပြီး
ကျန်တာ မသိခွင့်မရ...၊
June , July မိုးစက်တွေက
အေးချမ်းခြင်းကို မျက်ကွယ်ပြုထားလေရဲ့  ။

ကျောင်းတော်ထဲက စာရွတ်သံကို
ကျောင်းတော်အပြင်က
သီချင်းသံက မဖုန်းလွှမ်းနိုင်လေတော့...
ဦးတည်ရာမဲ့တဲ့ ခြေလှမ်းတွေနဲ့
အဆုံးမဲ့ နေ့တွေကို
အရှုံးတွေနဲ့ ဖြတ်သန်းနေရတယ်...။

မိုးချုပ်ရင် ဘယ်ဆီမှာ
အိပ်စက်မရလဲ..မသိတဲ့အခြေအနေမှာ
ဘယ်မှာလဲ ...
အေးချမ်းခြင်း နဲ့ လုံခြုံခြင်းတွေ..။

မျှော်လင့်ချက်တွေ ဝေးလွန်းလှတဲ့
လေလွင့် ဘ၀မှာ
ခံယူချက်တွေ နဲ့ အိပ်မက်တွေဆိုတဲ့
ဝေါဟာရတွေ မရှိဘူး..။
အနီးဆုံးရှိနေတာကတော့
ခွက်ငယ်လေး တစ်ခွက်ပဲ။

မှတ်ချက်။ လမ်းပေါ်မှာလိုက်တောင်းနေတဲ့ ကလေးတစ်ယောက်ကို တွေ့ပြီးရေးဖြစ်သွားပါတယ်။

Category: ကဗျာ | Views: 137 | Added by: NAYMYOHTET | Date: 2009-06-06 | Comments (1)

ကျောင်းဆယ်ခေါက်

မင်းအတွက်တဲ့
အချို့  လူတွေ မျက်ရည်တုတွေနဲ့
မနေ့ညက ကစားဝိုင်းထဲက
အပြုံးတွေ ခဏတာမေ့ထားပြီး
အချင်းချင်း ပွေ့ဖက်နေကြတာ
မင်းတော့ မသိဘူး၊
ငါသိခဲ့တယ်။

လူတွေကြားထဲမှာ
မင်းရဲ့  ပြိုင်ဘက်ကြီး
တစ်ယောက်ငိုနေတာ
မင်းတော့ မတွေ့ဘူး၊
ငါတွေ့ခဲ့တယ်။

မင်း ကိုသိပ်ချစ်တယ်ဆိုတဲ့
မင်းရဲ့  အပေါင်းအဖော်တွေ၊
မင်းနဲ့ ခပ်ဝေးဝေးမှာ
ရပ် နေကြတာ
မင်းတော့ မတွေ့ဘူး၊
ငါတွေ့ခဲ့တယ်။

မင်းအတွက်တဲ့
မင်းအကြောင်းတွေကို
မင်းကိုလက်ဆောင်အဖြစ်ပေးလိုက်ကြတယ်။

အပြန်လမ်းမှာ
မင်းအကြောင်းမပါတဲ့ စကားတွေ၊
ပြောပြီး ရယ်နေကြတာ
မင်းတော့ မကြားဘူး၊
ငါကြားခဲ့တယ်။

အဲဒီနေ့က
ငါ ကျောင်းဆယ်ခေါက်ရောက်ခဲ့တယ်။

Category: ကဗျာ | Views: 180 | Added by: NAYMYOHTET | Date: 2009-06-01 | Comments (1)

လယ်တောကပြန်၊
ပန်ချင်တယ်ခရေဖူးဆိုလို့၊
မောင်ခူးကာပေး။
မနက်တုန်းဆီက၊
ကြော့ဆုံးကိုမောင်မြင်တော့၊
သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့၊
ဂုဏ်တင့်တယ်လေး။

မှတ်ချက်။ ကျွန်တော့်ရင်ကို ထိစေတဲ့ ဆရာမင်းသုဝဏ်ရဲ့  ကဗျာလေးပါ။ ပေးဆပ်သူရဲ့  နှလုံးသားကိုတွေ့မြင်နိုင်ပါတယ်။
Category: ကဗျာ | Views: 188 | Added by: NAYMYOHTET | Date: 2009-06-01 | Comments (0)



မင်းနဲ့ငါ အဖြူရောင်နယ်မြေမှာ ဆုံခဲ့ကြတယ်နော်

တန်ဖိုးထားရတဲ့ ကိန်းဂဏန်းမဲ့ အမှတ်တရတွေနဲ့...။
ဒါတွေ မင်းမှတ်မိမှာမဟုတ်ပါဘူး...
ပြဇာတ်မှ မဆန်ခဲ့တာ။
ရုပ်ရှင်ရုံတွေ၊ အင်းယားကန်၊
မီးရောင်မှိန်မှိန် ကဖေးတွေ နဲ့
မသက်ဆိုင်ခဲ့ဘူးလေ...။
ဒါပေမယ့်
ငါတော့ ရှယ်လီရဲ့   အချစ်ကဗျာ
တစ်ပုဒ်ထဲ နစ်မျောခဲ့မိတယ်...။
အန်ညာ ရဲ့  သီချင်းတွေနားထောင်ရင်း...၊
ပဉ္စလက် တဒင်္ဂတွေကို
စုစည်းနေမိတယ်...။
ဒါတွေ မင်းနားလည်မှာမဟုတ်ပါဘူး၊
မင်းမှာ ခံစားချက်မှမရှိခဲ့တာ။
ရင်တွေတော့ ပူနေတုန်းဘဲ...
မင်းကြောင့်သောက်ခဲ့မိတဲ့ အပေါစား
အရက်တွေကြောင့်ဖြစ်မှာပါ။
ခုတော့ ငါ့စိတ်ကူး အပိုင်းအစတွေကိုစုပြီး
ဘီဒိုထဲထည့် သော့ခတ်ထားလိုက်တယ်။
ဆည်းဆာရဲ့   ရှူခင်းကို
မင်းနဲ့တူတူ ဆေးချယ်မယ်လုပ်မှ
မင်းရဲ့  ပြည်တော်သစ်မှာ
တစ်နာရီခွဲ စောပြီးနေ၀င်သွားလို့...။  ။

Category: ကဗျာ | Views: 131 | Added by: NAYMYOHTET | Date: 2009-05-29 | Comments (1)

အရှင်ဗုဒ္ဓ ဖြူသည်ဟောလျှင်
အကျွန်ုပ်ဖို့ မည်းသည်မဆို
ထိုထိုမူကား မြတ်စွာဗုဒ္ဓ
ဖြူသည်၊ မည်းသည် ထည့်သွင်းမဟောကြားက
စိမ်း၊နီ၊ပြာ၊၀ါ စသည်များဖြင့်
ယုံကြည်ချင်သလို၊ ယုံကြည်နိုင်သည်
မဟုတ်ပါလော။ ။

မှတ်ချက်။ ။ဆရာရွှေဥဒေါင်း၏ "လွတ်လပ်စွာ ယုံကြည်ခြင်း" ဆောင်းပါးကိုကဗျာအဖြစ်ပုံဖော်ထားပါတယ်။
Category: ကဗျာ | Views: 135 | Added by: NAYMYOHTET | Date: 2009-05-27 | Comments (0)


Grand , BE သံပုရာသီး နဲ့
Soju ၊ Myanmar ၊ High Commmissioner
Tiger လေးလည်းပါ
Black နဲ့ Red ကို နှစ်ပတ် စီရော
ရေကိုနည်းနည်းပေါ့
မွှေးသွားအောင်လို့ Spy ကိုထည့်
Gin လည်းမမေ့နဲ့
ပြင်းပြင်းကြိုက်ရင်ကိုယ့်လူရာ
Rum ကိုရောပါဗျာ
Brandy ကြိုက်ရင် Brandy ရော
Vokka ကြိုက်ရင် Vokka ရော
အဲဒါ ကိုယ့်သဘော...
ရေခဲတုံးကို များများထည့်
အေးမှကောင်းတာကွဲ့
တစ်ခါတစ်လေမှ သောက်ကြတာ
အချင်းမများနဲ့ကွာ
သောက်လိုက်ကြစို့ သူငယ်ချင်း
အောက်အီးအီး...ဂွတ်။

မှတ်ချက်။ အတွေးသက်သက်ဖြစ်ပါတယ်။
Category: ကဗျာ | Views: 149 | Added by: NAYMYOHTET | Date: 2009-05-25 | Comments (1)

ပိုက်ဆံရှိရင် အိမ်ဝယ်လို့ရတယ်၊
ဒါပေမဲ့ နားခိုရာကို တော့ငွေနဲ့ ၀ယ်လို့မရဘူး။

ပိုက်ဆံရှိရင် နာရီဝယ်လို့ရတယ်၊
ဒါပေမဲ့ အချိန်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် စာအုပ်ဝယ်လို့ရတယ်၊
ဒါပေမဲ့ ပညာကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် သွေးဝယ်လို့ရတယ်၊
ဒါပေမဲ့ အသက်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အပျော်ရှာလို့ရတယ်၊
ဒါပေမဲ့ အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် အာမခံထားလို့ရတယ်၊
ဒါပေမဲ့ လုံခြုံမှုကို ငွေနဲ့ဝယ်လို့မရဘူး။

ပိုက်ဆံရှိရင် ခုတင်ဝယ်လို့ရတယ်၊
ဒါပေမဲ့ အိပ်ပျော်အောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် စားစရာဝယ်လို့ရတယ်၊
ဒါပေမဲ့ ခံတွင်းလိုက်အောင် ပိုက်ဆံပေးပြီးလုပ်လို့မရဘူး။

ပိုက်ဆံရှိရင် ဆေးဝယ်လို့ရတယ်၊
ဒါပေမဲ့ ကျန်းမာအောင် ငွေနဲ့လုပ်လို့မရဘူး။

ပိုက်ဆံရှိရင် လူရာဝင်တယ်၊
ဒါပေမဲ့ လူရိုသေအောင် ငွေနဲ့လုပ်လို့မရဘူး။

(အတ္တကျော်
)

Category: ကဗျာ | Views: 147 | Added by: NAYMYOHTET | Date: 2009-05-21 | Comments (0)

« 1 2 3 4 5 »
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ

ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)





ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com




အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ




လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။