Create a Website
Build your own empire
[
A new age of prosperity is beginning with workers, soldiers and scientists. Do you want to take charge of it?
]
ကဗျာ - ဘလော့ဂ်စာမျက်နှာ - နေမျိုးထက်
အကြောင်းအရာ
ဘလော့ဂ်စာမျက်နှာ
ပန်ကြားချက်
တစ်ခုခုရေးခဲ့ပါ
တူရာတူရာအစုများ
ကဗျာ
[43]
ဝတ္ထုတို
[2]
ဘာသာရေး
[1]
ဝေမျှခြင်း
[7]
ရေးမိရေးရာများ
[2]
ဓါတ်ပုံမှတ်တမ်း
[1]
Tag Post
[1]
အိမ်ထဲမှာ
ယောက်စာဖတ်နေပါတယ်
မြန်မာတို့ရဲ့ မြန်မာစံတော်ချိန်
ဧည့်သည်တော် စုစုပေါင်း
Share
Main
» ကဗျာ
ငါ့လိပ်ပြာ
ငါ့လိပ်ပြာ
ငါသည် ဆန္ဒများစွာအတွက်
မွေးဖွားလာသူတစ်ယောက်ဖြစ်ပြီး
ငါ၏ကိုယ်၌ ခွန်အားတစ်ခုပိုင်ဆိုင်ခွင့်ရခဲ့သည်။
သို့ရာတွင် ငါပိုင်ဆိုင်သောခွန်အားတို့ဖြင့်
ငါ၏ ဆန္ဒတို့ကို ချိုးနှိမ်ခြင်းငှာ
မစွမ်းနိုင်ခဲ့။
ဆန္ဒများစွာအတွက်
ခွန်အားတို့ဖြင့် အိမ်မက်များစွာသာ
ဖန်တီးနိုင်သေးသည်။
အိမ်မက်များစွာအတွက်
ခွန်အားတို့ဖြင့် ငါ၏ကိုယ်၌
ဆန္ဒများစွာ တည်နေဦးမည်။
ထို့ကြောင့်...
ပျိုးထောင်နေချိန်ဖြစ်၍
အသီးအပွင့်များ ကင်းမဲ့နေသော
ငါ့သစ်ပင်မှ လိပ်ပြာမလေးအား
လွတ်လပ်စွာပျံသန်းခွင့်ပေးလိုက်သည်။
(ဝေးဝေးပျံပါ ငါ့လိပ်ပြာ...)
Category:
ကဗျာ
| Views: 123 | Added by:
NAYMYOHTET
| Date:
2009-09-19
|
Comments (0)
ငုဝါပင်အပေါ်မှ ငှက်များ
ငုဝါပင်အပေါ်မှ ငှက်များ
နွေ၊ မိုးရယ်ဆောင်း
ဥတုရယ်ပြောင်းပေမယ့်
ချိန်တစ်ခါ နားခိုရာတဒင်္ဂ
အေးရိပ်ငြိမ် ပင်ငုဝါပေါ်
ပျံသင်စ ငှက်ငယ်တစ်အုပ်
ဝင်းဝါ၀ါ ပန်းငုဝါများကြား
မြူးတူးလို့ရွှင်ပျော်
စည်းလုံးခြင်း သီချင်းတွေဆိုညည်းခဲ့ကြတယ်...။
ကာလတန်ကြာ ငှက်ငယ်တချို့
အတောင်ရယ်စုံလေတော့
တစ်ကောင်မှစ သုံးကောင်လေးကောင်
ဒီပင်ငုဝါ နားခိုရာမှ
စတင်ထွက်ခွါ အိပ်တန်းအသစ်ပြောင်းခဲ့ကြတယ်...။
ကြည့်လိုက်စမ်းပ
ခုများတော့ အထီးကျန်ငုဝါ
ချိုတေးသီဆို ငှက်ကျေးညိုတို့
ဝေးလွင့် နတ္ထိ တေးမရှိ ရွက်နုမရှိ ညနေမရှိ...။
နောက်၊ မြောက်၊ တောင်၊ ရှေ့
ဒီပါလေးရပ် ပျံခဲ့ကြလည်း
ဒီညနေစောင်း ကံကြောင်းဖန်ခဲ့သော်
ရင်မှာစွဲမြဲ မှတ်ထားဆဲ
ချိုတေးဆို ငှက်ကျေးညိုတချို့
အိပ်တန်းတူရင် ပြန်ဆုံကြလိမ့်မယ်...။
အဝေးရောက်သူငယ်ချင်းများသို့...
Category:
ကဗျာ
| Views: 131 | Added by:
NAYMYOHTET
| Date:
2009-09-15
|
Comments (1)
စီးဆင်းဆဲဆောင်း
စီးဆင်းဆဲဆောင်း
ကြယ်ခညပြာ၊ ၀န်းဝိုင်းလ၀ါ
ရွှန်းပငွေမှင်၊ တောင်မြောက်ယွန်းသည့်
မိလ္လာတိမ်စ၊ ပြိုးပြိုးပြပြ
တိုးတိတ်ညင်သာ၊ လေလွင့်လူးလွန့်
စုန်ဆန်စီးဆင်း၊ ပျိုနဒီဘေး
မြောက်ပြန်လေနု၊ ပင့်သက်ပွတ်တိုက်
နိမ့်ချည်မြင့်ချည်၊ ဒီရေလှိုင်းကြက်
ရိုးရွမွမွ၊ လွလွသဲသောင်
ဝိုးဝါးနှင်းမြူ၊ စီးဆင်းဆဲဆောင်း
ဒီဘုန်းဘ၀င်၊ ဘယ်ဘယ်ဝါ၀ါ
ခုနှစ်စင်ကြယ်အမြီးထောင်၊ သန်းခေါင်းကျော်ခဲ့ပြီ
ဒီည အိပ်မပျော်နိုင်ပဲရှိတော့သည်။
Category:
ကဗျာ
| Views: 119 | Added by:
NAYMYOHTET
| Date:
2009-09-12
|
Comments (1)
စက်ဝိုင်း ပြင်ပ
စက်ဝိုင်း ပြင်ပ
အရူးနဲ့အကန်း ဦးဆောင်မောင်းနှင်
လောဘ၊ ဒေါသ၊ မောဟ လောင်စာအပြည့်နဲ့
၃၁မြို့ ပတ်ရထားကြီး၊ ပျော်ပျော်စီးခဲ့ကြတာ
မရဏဘူတာရုံ ဘယ်နှခေါက်ဖြတ်ခဲ့ပြီလဲ။
အပ်နှစ်စင်း ထိပ်ချင်းထိတဲ့နေ့
ရထားကြီး၊ ငါ့ဇာတိမြို့ ကိုဆိုက်ခဲ့တုန်းက
သုညတစ်လုံးကောက်ရ၊ ဒုက္ခဘက်တော်သားတွေက
ခရီးဦးကြိုပြုခဲ့ကြလေတယ်။
ဘူတာရုံထဲလည်းရောက်...
ဥာဏ်မျက်မှန် ထုတ်အတပ်
ဗြုန်းကနဲ... အားလုံးပျောက်..!
သူတို့လည်းမရှိ၊ ဘူတာလည်းမရှိ
ရထားလည်းမရှိ၊ ငါ ကိုယ်တိုင်လည်း
ပျောက်နေပါရောလား...။
မှန်လေးချက်ကို မမြင်နိုင်ခင်
ပုံရိပ်ယောင်တွေကို တကယ်ထင်ခဲ့လို့
မှားတဲ့အခါလည်း မှားခဲ့သလို
မှန်တဲ့အခါလည်း ခါးခဲ့ရ။
အမှား၊ အမှန် ငြင်းခုန်ကြရင်း
ဓါး၊ လှံ ကိုင်ပြီး သွေးချောင်းများစွာ
သမိုင်းစာအုပ်တွေထဲမှာကြည့်။
ခုတော့ ရထားပြောင်း၊ (၈)တွဲပါ အမြန်ရထား
အဟောင်းအသစ်၊ အဖြစ်အပျက်မရှိတဲ့
ငြိမ်းချမ်းရေးခရီးစဉ်
သူငယ်ချင်း... မင်းလိုက်မှာလား
ရထားကြီးထွက်တော့မယ်...။
Category:
ကဗျာ
| Views: 115 | Added by:
NAYMYOHTET
| Date:
2009-08-21
|
Comments (0)
တေးသီငှက်
တေးသီငှက်
အမေ့အိမ်နဲ့ ဝေးတဲ့အခါ
လမ်းဘေး ကဖေးလေးက ဖွင့်တဲ့
နာရီရဲ့ သီချင်းတွေနားထောင်တိုင်း
နာရီပေါ်က မျက်ရည်စက်တွေပြန့်ကြဲလို့။
တစ်နေ့စာအလွဲတွေ များလွန်းလှတဲ့ဘ၀မှာ
"ညီလေးရေ လမ်းမမှားအောင်ရွေးကွာ" တဲ့။
လရောင်ထဲ သူလမ်းလျှောက်ချင်မှ
ဂျက်ဆင်ထိပ်ကလရိပ်ပြာ ပြေးပုန်းချိန်တန်တော့
အဓိပတိလမ်းမထက်က ခြေရာတွေနဲ့
တစ္ဆေအနမ်းတစ်ခုကို လွမ်းသူ့အိပ်မက် မက်နေရရှာတယ်။
ကြယ်တွေစုံပြီလား??
ဟုတ်တယ်.. ဒါ ကြယ်တွေစုံတဲ့ည
စကားလုံးမရှိတဲ့ကောင်းကင်ထဲ
ကြယ်တစ်ပွင့်ကြွေတဲ့ည
(သို့မဟုတ်)
ချစ်ခြင်းအားဖြင့် တေးသီငှက်တစ်ကောင်ပျံသန်းနေတဲ့ည။
(၁၄-၈-၂၀၀၄ နံနက် ၁၁:၄၀ အသက်၄၂နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ )
Category:
ကဗျာ
| Views: 137 | Added by:
NAYMYOHTET
| Date:
2009-08-17
|
Comments (0)
ရယူခြင်းဖြင့် မင်းကံကောင်းပါစေ..
ရယူခြင်းဖြင့် မင်းကံကောင်းပါစေ..
အတောင်မစုံ၊ နို့နံ့မစင်
ကျောင်းတော်မဟုတ်၊ လူတောမဟုတ်
အရိုင်းရဲ့ စိတ်၊ နိုးစက်နာရီ၊ တယ်လီဖုန်း၊
ပီယ၊ ဂီတ၊ ၀ီရိယ တို့နဲ့အတူ
ပြင်းရှရှတိုးယိုပေါက် ခံစားချက်တချို့ ၏
လှုံ့ ဆော်မှုကြောင့်
"အမုန်း" ၏ဆန့်ကျင်ဘက်စာလုံးများ
ဒိုင်ယာရီစာအုပ်ထဲရောက်ရှိခြင်း...။
(နှစ်ဆယ့်တစ် ရာစု၏ ၆)
ပြက္ခဒိန်သစ်၊ ဥတုအဟောင်း
အဖြစ်အပျက်အသစ်၊ အကြောင်းအရာအဟောင်း
ပေးဆပ်ခြင်းအသစ်၊ လက်ခံသူအဟောင်း
တုံ့ပြန်မှု အသစ်၊ ခံစားချက်အဟောင်း
ခံစားချက်အသစ်၊ ပေးဆပ်သူအဟောင်း
အချိန်အသစ်၊ နာရီအဟောင်း
နေရာအသစ်၊ လမင်းအဟောင်း
ဒီရေအသစ်၊ ပင်လယ်အဟောင်း
ပြုသူအသစ်၊ ဖြစ်သူအဟောင်း...။
(နှစ်ဆယ့်တစ် ရာစု၏ ၆ + ၂ = ၃ + ယမကာ)
ဆွဲတော့တန်းသည်၊ ခွဲတော့လွမ်းသည်
ရေလည်းတိမ်သည်၊ လေလည်းငြိမ်ပြီ
ခြေလည်းတိုပြီ၊ နေလည်းညို ပြီ
အချိန်လည်းတန်ပြီ၊ အိမ်လည်းပြန်ပြီ
ကောင်မလေးရေ..အရင်အတိုင်းပဲလား??
(နှစ်ဆယ့်တစ် ရာစု + စိတ်ကူး = မျှော်လင့်ခြင်း)
Category:
ကဗျာ
| Views: 113 | Added by:
NAYMYOHTET
| Date:
2009-08-16
|
Comments (0)
အ၀ိဇ္ဇာ (၀ါ) ခေါင်းစဉ်တပ် ဒဿန
အ၀ိဇ္ဇာ (၀ါ) ခေါင်းစဉ်တပ် ဒဿန
နေမ၀င်တဲ့ ညတွေရှိနေတတ်ပေမယ့်
နေမထွက်တဲ့ မနက်ဆိုတာ
တစ်ခါမှ မရှိခဲ့ဘူး..
ဒါပေမယ့် ငါ့အိပ်မက်မနက်ခင်းတွေမှာ
တိမ်တွေဖုံးခဲ့ဖူးတယ်။
အကောင်းနဲ့ အဆိုးကို
မဝေခွဲတတ်ခင်
သူတို့ပြောတဲ့ အဆိုး ဆိုတာက
ငါ့ သူငယ်ချင်း။
သူတို့ပြောတဲ့ အကောင်း ဆိုတာက
ငါ့သူငယ်ချင်းရဲ့ ခိုင်းဘက်သာ။
"တန်ဖိုး" တဲ့လား..
အဲဒီစကားလုံး ဘယ်လောက်တန်သလဲ?
စဉ်စားကြည့်တော့
တံဆိပ်တွေက ဓါတ်လှေကားတွေဖြစ်ခဲ့ရပေါ့..။
အမှန်က မိုးပျံပူဖောင်းတွေပါ..။
ရွှံ့ နွံတွေ လာရောခဲ့တော့
ငါက နွံရေတွေဖြစ်ခဲ့
ကော်ဖီမှုန့် တွေလာရောတော့
ငါက ကော်ဖီပူပူလေးပေါ့
စကော့တလန် ၀ီစကီလာရောတော့
ငါက အရက်အကောင်းစားဖြစ်ပြန်ရော
အော်...ငါကရေလိုပါလား...။
တကယ်တော့ လက်ဖက်ခြောက်လိုဖြစ်ချင်နေတာ
ရေနွေးပူပူရဲ့ ဂုဏ်သတ္တိကိုပြောင်းပစ်တဲ့
သူရဲကောင်း အဖြစ်နဲ့ပေါ့..။
ကိန်းဂဏန်းသံကြိုးတွေကို
အမိအရကုတ်တွယ်၊ ဖက်တက်ကြ
"တန်ဖိုး" ဆိုတာကြီးကိုရယူဖို့ကြိုးစားရင်း
မီးစာကုန်၊ ဆီခမ်းရောတဲ့။
ဆီမခမ်းခင် မီးစာကုန်တတ်တာသိရတော့
သွေးပျက်ခဲ့ရသေးတယ်။
အဲဒါထက်ဆိုးတာ မီးငြိမ်းသွားတာဘဲ။
ခုတော့ငါနားလည်ပြီ
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ
မှန်ခြင်း၊ မှားခြင်းရဲ့ သားသမီး..၊
ငါနဲ့အတူရှိတဲ့ မိတ်ဆွေတွေလို့
သဘောပေါက်ခဲ့တာ...
တကယ်တော့
အားလုံးက အဆုံးထိပို့တတ်တဲ့
သူစိမ်းတွေပဲလေ။
ဒီလိုနဲ့ ရည်ရ္ဂယ်ချက်လမ်းအတိုင်း
လျှောက်တလှည့်၊ နားတလှည့်ခရီးဆက်ခဲ့တာ
ကြည့်စမ်း...
ဟိုရှေ့ နားမှာ လူတွေအုံလို့
အကောင်းနဲ့ အဆိုး လွန်ဆွဲပွဲ။
Category:
ကဗျာ
| Views: 132 | Added by:
NAYMYOHTET
| Date:
2009-08-10
|
Comments (1)
ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ်
ဘိုဟီးမီးယန်း လိုက်ဖ်စိုင်ကယ်လ် (BOHEMIAN LIFE CYCLE)
ရွေ့ လျားမိုးတိမ် လေနှင်ရာလွင့်ခဲ့လိုက်တာ
ဗန်ဂိုး ရဲ့ ဆိုက်ပရပ်စ် အပင်တွေလိုလို....
ရုပ်ရှင်မြို့ တော်ရဲ့ ဘိုလီဗာ့ဒ် ညလမ်းဘေးလိုလို...
ကာနီဗဲလ် လိုလို...
ရန်ကုန်သင်္ကြန်လိုလို...အို...
ငါ့ရင်ထဲမှာတော့ ငါ့အိပ်မက်တွေကို သိမ်းထားတုန်းပဲ..။
ခံစားမှု အချို့ ကို သိမ်းထားပြီး
အချို့ ကိုငါ....ဗျစ်ရည်နဲ့အတူ
ကမ္ဘာကြီးကို စွန့်ကြဲခဲ့တယ်...
ခေါင်းစဉ်တချို့ တပ်ပြီးတော့ပေါ့...။
ဟိုခြစ် ဒီခြစ် ခဲတံတိုတို
အဆက်မပြတ် ခရီးနှင်ခဲ့
ဖြူလွှလွှ မျက်နှာပြင်ပေါ်...
ပီကာစာ ကိုအားကျမိတဲ့အမှားတွေ
အခုတော့...
ပြင်မရတဲ့အမှားတွေက အမှိုက်ပုံးထဲမှာ၊
ဆေးလိပ်တိုတွေက ငါ့ဘေးမှာ...။
ကျုပ်မုန်းတဲ့ နာရီလက်တံဘ၀တွေ...
ဆီလို ရေလိုဘ၀ ကိုအားကျမိသလိုလို။
နေမ၀င်တဲ့ မြို့ လေးကိုလည်းရောက်ဖူးချင်...
ဂန္တ၀င် ကာဆပ်ဘလန်ခါ ကိုလည်းရောက်ဖူးချင်....
ပင်လယ်ထဲမှာ သင်္ဘောငယ်လေးနဲ့ တစ်ကျွန်းပြီး တစ်ကျွန်း...ပြီးတာ့ တဟီတီ အထိပေါ့...
ရေပူစမ်းထဲမှာ ၀ိုင်ရစ်ပြီး တစ်မှေးလောက်အိပ်ချင်ခဲ့...
အော်ပရာပွဲ ကိုသူမနဲ့အတူကြည့်ချင်တယ်...
ရောမမြို့ ကိုသူမနဲ့လျှောက်လည်ချင်တယ်...
လက်တင်ဂစ်တာ သံစဉ်တွေကြားမှာ သူမရဲ့ နောက်ဆုံးတွဲကဖော် ဖြစ်ချင်တယ်...
ပြီးတော့....ပြီးတော့....ဖြစ်နိုင်ရင် စိတ်ကူးမယဉ်တတ်သူ တစ်ယောက်ဖြစ်ချင်တယ်...
ဒါ တစိတ်တပိုင်းရဲ့ တချို့ တလေ...
အခုတော့... အသွားအလာချို့ တဲ့လွန်းတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ
ကားကြုံထိုင်စောင့်နေတုန်းပဲ...
...
ဆက်ဖတ်ရန် »
Category:
ကဗျာ
| Views: 122 | Added by:
NAYMYOHTET
| Date:
2009-07-24
|
Comments (2)
ဘာမှ..မတတ်နိုင်ဘူး
ဘာမှ..မတတ်နိုင်ဘူး
လမ်းမ တလျှောက်
လမ်းမီးတိုင်တွေ လှပစွာတည်ရှိနေလည်း၊
ခရီးပမ်းနေတဲ့ ခြေထောက်အစုံ၊
ပျော်ရွှင်စွာ မလျှောက်လှမ်းနိုင်လို့
ကျုပ် မပျော်ဘူး။
အ၀ါရောင် လယ်ကွင်းတွေ..၊
အဖြူရောင် နံရံတွေ..၊
အပြာရောင် ကောင်းကင်ကြီး..၊
ညိုညစ်ညစ် လမ်းမတွေ၊
စတဲ့..စတဲ့...ငြိမ်သက်နေတဲ့အရောင်တွေကြားထဲက၊
အရောင်ဆင်တူတွေ လှုပ်ရှားနေကြလို့...၊
ကျုပ် မနှစ်မျိုဘူး။
ဟိုးရှေးရှေးတုန်းက တောက်ပတဲ့ကြယ်ပွင့်တွေကို
ကံ့ကော်ပန်းတို့ ဖူးပွင့်ရာမှာ အများချစ်တဲ့သစ်ပင်ကြီးတစ်ပင်နဲ့
သိပ်လှတဲ့ အဖြူရောင်တံတားလေးက ပါရမီဖြည့်ခဲ့တာပေါ့..။
ခုတော့...
တိတ်ဆိတ်မှုကို တန်ဆာဆင်၊ ညစ်ညမ်းတဲ့နံရံတွေ၊
ခြစားနေတဲ့ စိတ်ဓါတ်တွေနဲ့ အခိုင်အမာဖန်တီးထားတဲ့
ဟိုး..တစ်ဘက်ကမ်း၊
အခိုးအငွေ့ကြားက ရယ်မောသံတွေစုဝေးရာမှာ..
ကျုပ် မနေလိုဘူး။
နေရောင်မပေါက်တဲ့ သစ်ပင်ရိပ်တွေ၊
သင်းပျံ့ နေတဲ့ကံ့ကော်ပန်းရနံ့တွေ၊
ဟိုနားဒီနား ခုံလှလှလေးတွေ၊
ကျေးငှက်တို့ သီချင်းဆိုသံတွေ၊
အလွမ်းတွေ စိမ့်ဝင်နေတဲ့ရေကန်အိုနဲ့
ညဂစ်တာသံတွေ မရှိတဲ့ဒေသအတွက်၊
လွမ်းစရာက နတ္ထိ..။
လရိပ်ပြာရဲ့ အလှကိုခံစားနိုင်စွမ်းမရှိလေတော့..၊
ဟိုသီချင်းထဲက...စာသား၊
မေမြို့ မှာ မိုးခေါင်သွားသလို...ဘာမှမတတ်နိုင်လို့၊
ကျုပ် ရင်နာစွာနဲ့ စိတ်မကောင်းဖြစ်မိတယ်။
Category:
ကဗျာ
| Views: 125 | Added by:
NAYMYOHTET
| Date:
2009-07-03
|
Comments (1)
အို...ရွက်လှေ
အို...ရွက်လှေ
မိုးကြီးလေကြီး၊ လှိုင်းကြီးကြားက လှေ၊
ဟိုပြေးဒီပြေး၊ လူးလို့လွန့်လို့...။
သွယ်သွယ်သန်းသန်း၊ ကွေ့ကွေ့ကောက်ကောက်၊
တောင်ရောက်မြောက်ရောက်၊ လွင့်ရင်းမျောရင်း၊
ခိုရာကိုးရာ၊ ဘယ်ဆီဘယ်ဝယ်၊
မုန်းတိုင်းတစ်ခါ၊ ရေ၀ဲတစ်လှည့်၊
ရှောင်ရင်းတိမ်းရင်း၊ နိမ့်လိုက်မြင့်လိုက်၊
လေငြိမ်တစ်ခါ၊ လေတိုက်တစ်လှည့်၊
ရေပြာတစ်ခါ၊ ရေညစ်တစ်လှည့်၊
နေ၀င်တစ်ခါ၊ နေထွက်တစ်လှည့်၊
ပဲ့ကိုင်သောအကျွန့်လက်၊ ရက်အဆက်ဆက်၊
ရင့်ကျက်သောစိတ်တို့ဖြင့်၊ လိုရာခရီး ရောက်ပါရစေ...။
Category:
ကဗျာ
| Views: 162 | Added by:
NAYMYOHTET
| Date:
2009-06-26
|
Comments (0)
«
1
2
3
4
5
»
ရှာရန်
နောက်ဆုံးပို့စ်တွေ
ဝိဘဇ္ဇ
ဘောင်အပြင်၌ နေထိုင်ခြင်း
မှိုတက်ခြင်း ည/မနက်များ
အ၀ိုင်းများ၌အလျားလိုက်မျောပါခြင်း
စားသုံးခြင်း
ကဗျာ
၁၇နှစ်မလေးသို့
ဒါက ဒီလို
အစိမ်းရောင်ပေတံများ
ပျော့ကွက်
ရင်ခုန်နေတဲ့စက်ရုပ်
နိုဝင်ဘာမိုးစက်များ
အမှောင်ဝင်ခြင်း
ဆေးပေါင်းခစေ...
ရေးပြီးတာလေးတွေ
2009 May
2009 June
2009 July
2009 August
2009 September
2009 October
2009 November
2010 October
2010 November
2011 January
2011 March
ရောက်ကြောင်းလေးရေးခဲ့ပါအုံးး)
ကျွန်တော့်ကိုဆက်သွယ်ရင်
naymyoht@gmail.com
အစ်ကိုအစ်မများရဲ့ ဘလော့ဂ်များ
အစ်မကံကောင်းသူ
အဖြူရောင်မေတ္တာ
ညခင်းရဲ့လမင်း
ကိုရဲဝင့်သူ
ကိုဂျေဂျူဝိုင်
ကိုပန်မြတ်သွင်
ကိုနွယ်ရိုး
အစ်မရွှေပြည်သူ
အစ်မနှင်းဆီနက်
ကိုတေလေ
ကိုခွန်ပအိုဝ်း
ကိုတောင်ပေါ်သား
ကိုမနောသား
Dream
ရွှေမြန်မာ
ကိုလေတံခွန်
ကိုဗညားရှိန်
ကိုအေးချမ်းလေး
ငွန်ငယ်မိုး(ကိုမိုးသွေးငယ်)
ကိုနွေဆူးလင်္ကာ
ကိုချစ်တီး
ကိုမင်းသန့်
မချစ်ကြည်အေး
မမိုးမမ
ကိုဏီလင်းညို
ကိုနေလမင်း
မမိုးထက်အိမ်
ရွေးပါ
လာလည်သူအပေါင်းကိုကျေးဇူးတင်ပါတယ်။